Connect with us

Videos

ပေါက်ကွဲမှုကြောင့် Nord Stream ပိုက်လိုင်းများ ဓာတ်ငွေ့ ယိုစိမ့်နေခြင်းဖြစ်ဟု ပဏာမ စုံစမ်းစစ်ဆေးမှုများက ပြသနေ

ကိုပင်ဟေဂင် ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

“ဒိန်းမတ်၏ သီးသန့်စီးပွားရေးဇုန်ရှိ Nord Stream 1 နဲ့ 2 ဟာ အားပြင်းတဲ့ ပေါက်ကွဲမှုတွေကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့ကြောင်း ပဏာမစုံစမ်းစစ်ဆေးမှုအရ အတည်ပြုခဲ့တယ်လို့ ကိုပင်ဟေဂင် ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အဆိုပါထုတ်ပြန်ချက်မှာ (ဒိန်းမတ်လုံခြုံရေးနှင့် ထောက်လှမ်းရေးလုပ်ငန်း) PET နဲ့ ကိုပင်ဟေဂင်ရဲတပ်ဖွဲ့တို့ဟာ ပဏာမစုံစမ်းစစ်ဆေးမှုများအပေါ်အခြေခံကာ နောက်ထပ်ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးရေးအတွက် ပူးတွဲအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၆ ရက်က ဒိန်းမတ်နဲ့ ဆွီဒင်ရဲ့ သီးသန့်စီးပွားရေးဇုန်အနီးရှိ ဘောလ်တစ်ပင်လယ်အောက်ရှိ ရုရှားမှဥရောပသို့ ဓာတ်ငွေ့သယ်ဆောင်သည့် Nord Stream 1 နဲ့ Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းတွေမှာ ယိုစိမ့်မှုတွေ ဖြစ်ပေါ်နေတာတွေ့ရှိခဲ့ပါတယ်။
ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen ကတော့ အဆိုပါဖြစ်ရပ်တွေကို ‘တမင်သက်သက် လုပ်ရပ်များ’ လို့မှတ်ချက်ပေးထားပါတယ်။