Videos
ကျူးဘားနိုင်ငံ ဟာဗားနားတွင် ဟိုတယ် ပေါက်ကွဲမှု ဖြစ်ပွား အနည်းဆုံး လူ ၈ ဦးသေဆုံး
ဟာဗားနား၊ မေ ၇ ရက် (ဆင်ဟွာ)
ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် မေ ၆ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူ ၈ ဦးထက်မနည်းသေဆုံးပြီး အခြား ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်သတင်းရင်းမြစ်များက သတင်းဖော်ပြထားသည်။
“ဟာဗားနားရှိ ကျန်းမာရေးစနစ်က အပြည့်အဝလုပ်ဆောင်နိုင်တယ်ဆိုတာ ပြည်နယ်ဆိုင်ရာ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး Emilio Delgado Iznaga က အတည်ပြုထားပါတယ်။ လူ ၈ ဦး သေဆုံးပြီး ၃၀ ခန့် ဆေးရုံတင်ထားရပါတယ်” ဟု ကျူးဘား သမ္မတရုံးက မေ ၆ ရက်က တွစ်တာပေါ်၌ ရေးသားထားကာ “လူအမြောက်အများကလည်း သွေးလှူဖို့ကမ်းလှမ်းထားကြတယ်” ဟု ဖြည့်စွက်ပြောခဲ့သည်။
Hotel Saratoga တွင် ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း ကျူးဘား သမ္မတရုံးအရ သိရသည်။
အမျိုးသားလွှတ်တော်အဆောက်အအုံအနီးရှိ ကြယ်ငါးပွင့်အဆင့်ရှိသော အဆိုပါဟိုတယ်မှာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းပြန်လည်နိုးထရေး တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်ရက်အနည်းငယ်အတွင်း ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်။
နိုင်ငံပိုင် မီဒီယာဖြစ်သော Cubadebate မှ မျှဝေထားသော လူမှုမီဒီယာသတင်းများအရ ပေါက်ကွဲမှုသည် ဓာတ်ငွေ့ရည်ဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel က အခင်းဖြစ်ပွားရာနေရာနှင့် ဒဏ်ရာရသူအများအပြားကို ဆေးကုသပေးလျက်ရှိသော ဟာဗားနားရှိ ဆေးရုံသို့ သွားရောက်အားပေးခဲ့ကြောင်း ကျူးဘား သမ္မတရုံးမှ တွစ်တာအကောင့်တွင် ထုတ်ပြန်ထားသော ဓာတ်ပုံများအရ သိရသည်။ (Xinhua)
…………………………
(English Version)
GLOBALink | At least 8 killed in Havana hotel explosion
At least 8 people were killed and over 30 others injured after an explosion ripped through a hotel in downtown Havana of Cuba Friday morning, official sources reported.