Connect with us

Videos

အစ္စရေး-ပါလက်စတိုင်းတိုက်ပွဲ ပြင်းထန်လာ ၊ နှစ်ဘက်လုံးတွင် ထိခိုက်သေဆုံးမှုများ သိသိသာသာ တိုးလာ

ဂါဇာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

အစ္စရေး-ပါလက်စတိုင်းတိုက်ပွဲက ယခုသီတင်းပတ်၌ ပြင်းထန်လာခဲ့ပြီး နှစ်ဘက်လုံးတွင် ထိခိုက်သေဆုံးမှုများ သိသိသာသာ များပြားလာခဲ့ကြောင်း သိရသည်။အောက်တိုဘာ ၇ ရက် နံနက်အစောပိုင်းမှစ၍ အစ္စလာမ်မစ်ခုခံရေးလှုပ်ရှားမှု(ဟားမက်စ်) အဖွဲ့က အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည် ၃,၀၀၀ နီးပါး ပစ်ခတ်ခဲ့သည့် အငိုက်ဖမ်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးသတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

ဟားမက်စ်အဖွဲ့က အစ္စရေးအရပ်သားများနှင့်စစ်သားတစ်ချို့အား ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ကြောင်းလည်း အစ္စရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။အစ္စရေးစစ်တပ်က ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ရှိ ဟားမက်စ်ပစ်မှတ်များအား ယင်းနေ့အတွင်း လေကြောင်း တိုက်ခိုက်မှုဆယ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————————
Israeli-Palestinian conflict escalates, causing significant casualties on both sides
The Israeli-Palestinian conflict has been escalating at the weekend, causing significant casualties on both sides.
Israeli sources said that in a surprise attack, almost 3,000 rockets had been fired into Israel by Islamic Resistance Movement (Hamas) since the early hours of Saturday.
Israeli officials said Hamas also held some Israeli civilians and soldiers as hostages.
In response, the Israeli military conducted tens of airstrikes against Hamas targets in the Gaza Strip over the day.
Xinhua News Agency correspondents reporting from Gaza.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.