Connect with us

Videos

တရုတ်နိုင်ငံ အမျိုးသားနေ့အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားလုပ်ငန်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံရရှိ

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဆောင်းဦးလယ်ပွဲတော်နှင့် အောက်တိုဘာ ၆ ရက်တွင် ကုန်ဆုံးခဲ့သော အမျိုးသားနေ့အားလပ်ရက် ကာလအတွင်း ပြည်တွင်းခရီးသွားလုပ်ငန်းဈေးကွက်၏ ဝင်ငွေမှာ ယွမ် ၇၅၃.၄ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၀၃.၂ ဘီလီယံခန့်) ရှိခဲ့ကြောင်း တရားဝင်စာရင်းများ၌ ဖော်ပြထားသည်။အဆိုပါ ကိန်းဂဏန်းသည် ယမန်နှစ်အလားတူကာလကထက် ၁၂၉.၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကာ ၂၀၁၉ ခုနှစ် အမျိုးသားနေ့အားလပ်ရက်ကာလထက် ၁.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနအရ သိရသည်။

အချိန် ၈ ရက်ကြာမြင့်သော အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံသားများ သွားရောက်လည်ပတ်ခဲ့သော ပြည်တွင်းခရီးစဉ်အရေအတွက် ၈၂၆ သန်း ရှိခဲ့ရာ ယမန်နှစ် ကာလတူထက် ၇၁.၃ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် အလားတူကာလထက် ၄.၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)
………………………………
China’s domestic tourism revenue hits 100 bln USD over National Day holiday
BEIJING, Oct. 6 (Xinhua) — China’s domestic tourism market generated approximately 753.4 billion yuan (about 103.2 billion U.S. dollars) in revenue during the Mid-Autumn Festival and National Day holiday, which ended on Friday, official statistics show.
The figure represents a year-on-year increase of 129.5 percent, and a rise of 1.5 percent from that of the National Day holiday in 2019, according to the Ministry of Culture and Tourism.
During the eight-day holiday, Chinese people made 826 million domestic tourist trips, an increase of 71.3 percent from last year and a rise of 4.1 percent from 2019, the ministry said.