Connect with us

Videos

တရုတ်နိုင်ငံက ယခုနှစ်ကုန်တွင် 5G အခြေစိုက်စခန်း ၂.၉ သန်း ရှိလာမည်

ပေကျင်း ၊ မတ် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ယခု ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် 5G အခြေစိုက်စခန်း ၂.၉ သန်းကျော် တည်ဆောက်ပြီးစီးတော့မည် ဖြစ်ကြောင်း စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး Jin Zhuanglong က အစည်းအဝေးနှစ်ရပ် ကျင်းပပြုလုပ်နေစဉ်အတွင်း မတ် ၅ ရက်က ပြောကြားခဲ့သည်။“အခုဆိုရင် 5G ခေတ်ကို ရောက်ရှိနေပါပြီ ။ တရုတ်နိုင်ငံက အကြီးမားဆုံး နဲ့ အဆင့်မြင့်ဆုံး 5G ကွန်ရက်ကို တည်ဆောက်ခဲ့ပါတယ်။ ဒီနှစ်မှာ 5G အခြေစိုက်စခန်း ၆၀၀,၀၀၀ တည်ဆောက်ပြီးတော့ အသုံးပြုသွားမှာပါ။ အဲဒါဆိုရင် 5G အခြေစိုက်စခန်း စုစုပေါင်းအရေအတွက်က ၂.၉ သန်းကျော်အထိ ရှိလာတော့မှာ ဖြစ်ပါတယ်။ မြို့အများအပြားက 5G ကွန်ရက် ရှိပြီးသား ဖြစ်တဲ့အတွက်ကြောင့် မြို့ပြဧရိယာတွေမှာ ပိုမိုကောင်းမွန်တဲ့ လွှမ်းခြုံမှု ပေးအပ်ဖို့ လိုပါတယ်။ ကျေးလက်ဧရိယာတွေမှာဆိုရင် ခရိုင်အဆင့်တွေမှာ 5G ရရှိထားပြီးဖြစ်လို့ နောက်တစ်ဆင့်က 5G လွှမ်းခြုံမှုကို ဆက်လက်တိုးချဲ့သွားရမှာ ဖြစ်ပါတယ် ။ ဒုတိယအနေနဲ့ ကုန်ထုတ်လုပ်မှုမှာ ပိုပြီးတော့ ကြိုးပမ်းအားထုတ်မှုတွေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း 5G နဲ့ ပေါင်းစပ်ထားတဲ့ စက်မှုလုပ်ငန်းသုံးအင်တာနက်က ကုန်ထုတ်လုပ်ငန်း အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့အစီအစဉ်က ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ(၂၀၂၁-၂၀၂၅)အတွင်းမှာ 5G စက်ရုံအလုပ်ရုံ ၁၀,၀၀၀ ကျော် တည်ဆောက်ဖို့ ဖြစ်ပါတယ်။ တတိယကတော့ သုတေသနလုပ်ငန်းပါပဲ ။ အစိုးရ ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အပြည့်အဝလုပ်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်”ဟု စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး Jin Zhuanglong က ပြောကြားခဲ့သည်။

ထို့ပြင် 6G သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အရှိန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ၏ အလွန်ကြီးမားသောဈေးကွက်နှင့် အရည်အချင်းပြည့်ဝသော စက်မှုလုပ်ငန်းစနစ် အားသာချက်များနှင့်ပတ်သက်၍ အသုံးချလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစည်းအဝေးနှစ်ရပ်သည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီတို့၏ နှစ်ပတ်လည်အစည်းအဝေးများအား ရည်ညွှန်းကြောင်း သိရသည်။ (Xinhua)

—————————–

China will have 2.9 mln 5G base stations by end of 2023: minister
China will have built over 2.9 million 5G base stations by the end of 2023, Minister of Industry and Information Technology Jin Zhuanglong said Sunday on the sidelines of the ongoing “two sessions.”
SOUNDBITE (Chinese): JIN ZHUANGLONG, Minister of Industry and Information Technology
“We have now entered the 5G era. China has built the largest and most advanced 5G network. We will build and put into operation 600,000 5G base stations in 2023, which will bring the total number of 5G base stations to more than 2.9 million. In urban areas, because many cities already have 5G network, we need to provide better coverage. In rural areas, we have achieved 5G at county level, so the next step is to continue expanding the 5G coverage. Secondly, we will make greater efforts in manufacturing. We all know that industrial internet combined with 5G is very important for the leapfrog development of manufacturing industry. Our plan is to build more than 10,000 5G factories during the 14th Five-Year Plan period (2021-2025). The third is research. We will give full play to the role of the government, enterprises and research institutions.”
Jin said that research and development of 6G will also be accelerated, drawing on advantages of China’s super-large market and full-fledged industrial system.
The “two sessions” refer to the annual meetings of the National People’s Congress and the National Committee of the Chinese People’s Political Consultative Conference.
Xinhua News Agency correspondents reporting from Beijing.
(XHTV)