Connect with us

Videos

တရုတ်နိုင်ငံ Earth Forest ၌ မော်တော်ဆိုင်ကယ် လမ်းကြမ်းမောင်းပြိုင်ပွဲ ကျင်းပ

ကူမင်း ၊ မတ် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Yuanmou ခရိုင်ရှိ Earth Forest ၌ မော်တော်ဆိုင်ကယ် လမ်းကြမ်းမောင်းပြိုင်ပွဲသည် မတ် ၅ ရက်တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

Earth Forest သည် ဘူမိဗေဒလှုပ်ရှားမှု နှင့် မြေဆီလွှာတိုက်စားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဘူမိဗေဒရွှံ့စေးဖွဲ့စည်းဖြစ်ပေါ်မှု ပုံစံတစ်ခု ဖြစ်ကြောင်း သိရသည်။

သုံးရက်ကြာပြုလုပ်သောပြိုင်ပွဲတွင် တရုတ်နိုင်ငံတစ်ဝန်းမှ ဆိုင်ကယ်စီးနင်းသူ ၁၂၅ ဦးကျော် ပါဝင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ၇.၂ ကီလိုမီတာ ရှည်လျားသော လမ်းကြောင်းတွင် မတ်စောက်သောတောင်စောင်းများ ၊ ကျောက်ဆောင်များ ၊ ချောက်ချိုင့်ဝှမ်းလမ်းများ နှင့် အခြားအတားအဆီးခလုတ်ကန်သင်းများ ပါဝင်ကြောင်း သိရသည်။ (Xinhua)

—————————-

“Fast and Furious” in China’s Earth Forest
A cross-country motorcycle endurance race concluded on Sunday in Earth Forest in Yuanmou County of southwest China’s Yunnan Province.

Earth Forest is a form of geological clay formation formed by geological movement and soil erosion.

More than 125 riders from around China joined the three-day competition.

The 7.2-km-long track featured steep slopes, stone array, canyon crossing and other obstacles.
Xinhua News Agency correspondents reporting from Kunming, China.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.