Videos
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် နိုင်ငံတစ်ဝန်းတွင်ကျင်းပ
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဧပြီ ၁၃ ရက် နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။တန်ခူးလမှာ ကျရောက်သည့် နှစ်သစ်ကူး မြန်မာ့ရိုးရာ အတာသင်္ကြန်တွင် အသက်အရွယ် မရွေး လူတန်းစားအလွှာမရွေး အားလုံးပါ၀င် ဆင်နွှဲကြလေ့ရှိသည်။မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို အရောင်အသွေးစုံလင်လှသည့်ဝတ်စုံများဖြင့် ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခဲ့ကြသည်။
အတာသင်္ကြန်ပွဲတော်ဆိုသည်မှာ နှစ်ဟောင်းက အညစ်အကြေးများ နှစ်သစ်ကို ပါမလာစေရန် ရည်ရွယ်ပြီး ရေလောင်းသန့်စင်ကြခြင်းဖြစ်သည်။တစ်ဦးနှင့်တစ်ဦး သိရှိခင်ကျွမ်းခြင်း၊ ခင်မင်ရင်းနှီးခြင်း မရှိစေကာမူ မိတ်ဆက်ပေးရန် မလိုဘဲ လူအချင်းချင်း မေတ္တာတရားနှင့် အေးချမ်းပါစေကြောင်း
ရေပက်လောင်းကြသည့် ချစ်စရာ မြန်မာ့ရိုးရာ အတာသင်္ကြန်ဓလေ့ဖြစ်သည်။ (Xinhua)