Connect with us

Videos

မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသော မြင်းခွာဂဏန်းကို တရုတ်နိုင်ငံ ကွမ်းရှီးဒေသတွင် ရှာဖွေတွေ့ရှိ

နန်နင်း၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွမ်ရှီး ပေပုပင်လယ်ကွေ့ တက္ကသိုလ် အဏ္ဏဝါဗေဒကောလိပ်မှ သုတေသီများက တွေ့မြင်ရခဲသော မြင်းခွာဂဏန်းတစ်ကောင်၏ ပုံရိပ်များကို ရိုက်ကူးနိုင်ခဲ့သည်။မြင်းခွာဂဏန်းသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀၀ ကျော်ကတည်းက ကမ္ဘာမြေပေါ်တွင် နေထိုင်လျက်ရှိရာ ယနေ့အထိ မူလအသွင်အပြင်ပုံသဏ္ဍာန်အတိုင်း ဆက်လက်ရှိနေဆဲဖြစ်သော မျိုးစိတ် ဖြစ်သည်။

“သက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်း”ဟု ခေါ်ဝေါ်ကြသည့် ယင်းမျိုးစိတ်များကို ၂၀၁၂ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့(IUCN)က မျိုးသုဉ်းလုနီးပါး မျိုးစိတ်များ၏ အနီရောင်စာရင်းတွင် ထည့်သွင်းခဲ့သလို တရုတ်နိုင်ငံကလည်း နိုင်ငံတော် ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်သော တိရစ္ဆာန်ဖြစ်လာခဲ့သည်။
ကွမ်ရှီး ပေပု ပင်လယ်ကွေ့နှင့် ကမ်းခြေတစ်လျှောက်သည် ယင်းမျိုးစိတ်များ အဓိကနေထိုင်ရာနှင့် မျိုးပွားရာ နေရာ ဖြစ်သည်။ (Xinhua)

—————-

Endangered horseshoe crab spotted in China’s Guangxi
Researchers from the College of Oceanology at Guangxi Beibu Gulf University in south China’s Guangxi Zhuang Autonomous Region have recently captured rare video images of a horseshoe crab.
The horseshoe crab is a species that has lived on the earth since 400 million years ago and still retains its original appearance.
The species, known as “living fossil,” was listed on the red list of endangered species by IUCN in 2012 and has become a second-class protected animal in China.
The Beibu Gulf of Guangxi and its coasts are the main habitat and breeding area for the species.
Xinhua News Agency correspondents reporting from Nanning, China.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.