Videos
အာကာသယာဉ် အပြင်ဘက် အာကာသအတွင်း ထိတွေ့စမ်းသပ်မှု ပြုလုပ်ထားသော ပထမအသုတ် နမူနာပစ္စည်းများ ၄၀၇ ခု ကို အောင်မြင်စွာ ပြန်သိမ်းယူလာ
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)
မကြာသေးမီက အာကာသယာဉ် အပြင်ဘက် အာကာသအတွင်း ထိတွေ့စမ်းသပ်မှု ပြုလုပ်ထားသော ပထမအသုတ် နမူနာပစ္စည်းများကို တရုတ်နိုင်ငံ Shenzhou-17 အာကာသယာဉ်မှူးအဖွဲ့နှင့် မြေပြင် သိပ္ပံသုတေသနပညာရှင်များ အနီးကပ် ညှိနှိုင်းလုပ်ဆောင်ပြီး ပြန်လည်သိမ်းဆည်းမှုလုပ်ငန်းကို ချောမွေ့စွာ ပြီးစီးခဲ့ကြောင်း၊ အာကာသယာဉ်မှူးများက ယင်းပစ္စည်းစုစုပေါင်း ၄၀၇ ခုကို ပြီးစီးစွာ ပြန်လည်ဖြုတ်ယူသိမ်းဆည်းခဲ့ပြီး Shenzhou အာကာသယာဉ် မြေပြင်သို့ ပြန်လည်ရောက်ရှိသည်နှင့် သိပ္ပံသုတေသနပညာရှင်များထံ ပေးအပ်ကာ နောက်ထပ် မြေပြင်သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………
(Chinese Version)
中国空间站动态|407件!首批舱外暴露实验材料样品成功取回
近期,神舟十七号航天员乘组及地面科研人员密切协同,顺利完成了首批舱外暴露实验材料样品取回工作。共计407件舱外暴露材料已由航天员完成拆卸并存储,后续将随神舟飞船返回地面,并移交科学家,进一步开展地面研究工作。