Connect with us

Videos

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံကျော်ရှိ

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ၁၁ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၂၈.၉ ဘီလီယံခန့် ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မတ် ၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံတွင် ယမန်နှစ် ဧပြီ ၁ ရက်မှ ယခုနှစ် မတ် ၁၅ ရက်အထိ ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၄.၀ ဘီလီယံခန့် ရရှိခဲ့ပြီး သွင်းကုန်ကဏ္ဍမှ ဒေါ်လာ ၁၄.၉ ဘီလီယံခန့် ရရှိခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များ၌ ဖော်ပြထားသည်။
ယင်းပမာဏများမှာ ယခင်ဘဏ္ဍာနှစ် အလားတူကာလက ရရှိခဲ့သော အမေရိကန်ဒေါ်လာ ၃၂.၅၂ ဘီလီယံကျော်နှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားခဲ့သည်။
အဆိုပါ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၁.၄ ဘီလီယံခန့် ရှိခဲ့သလို နယ်စပ်ကုန်သွယ်မှုမှာမူ ဒေါ်လာ ၇.၅ ဘီလီယံခန့် ရှိခဲ့ကြောင်း ဝန်ကြီးဌာနအရ သိရသည်။
ရှည်လျားသောကမ်းရိုးတန်းရှိသည့်အားလျော်စွာ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို ပင်လယ်ရေကြောင်းမှတစ်ဆင့် အများဆုံးပြုလုပ်လေ့ရှိပြီး ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ စသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်အုပ်စုတွင် လယ်ယာထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သတ္ထုတွင်းထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ ပါဝင်ပြီး သွင်းကုန်အုပ်စုတွင်မူ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်ကြောင်း ဝန်ကြီးဌာနက ဖော်ပြထားသည်။ (Xinhua)
#Myanmar #ForeignTrade #FY2023_24 #မြန်မာ #ပြည်ပကုန်သွယ်မှု #၂၀၂၃_၂၄ဘဏ္ဍာနှစ်
……………………………………..
Myanmar’s foreign trade exceeds 28 bln USD in over 11 months of FY 2023-24
YANGON, March 23 (Xinhua) — Myanmar’s total foreign trade has surpassed some 28.9 billion U.S. dollars in the first over 11 months of the 2023-24 fiscal year, the Ministry of Commerce said on Saturday.
From April 1 last year to March 15 this year, the Southeast Asian country earned about 14.0 billion dollars from exports, while its imports were valued at about 14.9 billion dollars, the ministry’s figures showed.
The figure was down from over 32.52 billion dollars registered in the same period in the previous fiscal year, according to the ministry.
Maritime trade in the reporting period stood at about 21.4 billion dollars, while its border trade amounted to some 7.5 billion dollars, said the ministry.
Most of Myanmar’s foreign trade was made through sea routes as it has a long coastline. Its trade partners include China, Thailand, Bangladesh and India.
Myanmar’s exported goods consist of agricultural and animal products, fisheries, minerals and forest products, manufactured goods and others, while its imported items include capital goods, intermediate goods and consumer goods, according to the ministry.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.