Videos
အစားအစာပေးကမ်းခြင်းက အခြေခံပြည်သူများ၏ ရုန်းကန်နေရမှုကို အထောက်အပံ့ရစေ
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ဇူလိုင် ၅ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ရိုးရှင်းသော ဟင်းလျာများ ရောင်းချသည့် ထမင်းဆိုင်ငယ်တစ်ခုတွင် နေ့လယ်စာ စားသုံးရန် သို့မဟုတ် ထမင်းနှင့် ဟင်း ပါဆယ်ဝယ်ယူရန် ပြည်သူအချို့ တန်းစီစောင့်ဆိုင်းမှုကို တွေ့ရသည်။ လွန်ခဲ့သော ကိုးလက အသက် ၃၂ နှစ်အရွယ် ကိုတင်မောင်ကျော် ဖွင့်လှစ်ခဲ့သည့် အဆိုပါထမင်းဆိုင်သည် သက်သာသော ဈေးနှုန်းဖြင့် အစားအသောက်များ ရောင်းချပေးကာ လိုအပ်နေသူများအား နေ့လယ်စာဘူးများ လှူဒါန်းခြင်းဖြင့် ပြည်သူများ၏ ရုန်းကန်မှုများကို သက်သာစေခဲ့ပါသည်။ ဆိုင်၏ဖောက်သည်များထဲတွင် ဆောက်လုပ်ရေးလုပ်သားများ၊ ဆိုက်ကားဆရာများ၊ အငှားယာဉ်မောင်းနှင်သူများ၊ Delivery ပို့ဆောင်ပေးသူများ၊ ရုံးဝန်ထမ်းများနှင့် အခြားသူများ ပါဝင်ကြောင်း သိရသည်။
ဆိုင်ရှင် ဦးတင်မောင်ကျော်၏ ပြောကြားချက်အရ အဆိုပါဆိုင်သည် လာရောက် စားသုံးသူများအတွက် နေ့စဉ် ဝန်ဆောင်မှု အယောက် ၁,၀၀၀ စာနှင့် နေ့လယ်စာထမင်းဘူး ၁,၅၀၀ မှ ၂,၀၀၀ ခန့်ကို ပြင်ဆင်ပေးနေရကြောင်း သိရသည်။
ဆိတ်သား၊ ကြက်သား၊ ကြက်ဥ၊ ငါး၊ ပုဇွန်၊ အာလူးနှင့် ဟင်းသီးဟင်းရွက်များ အပါအဝင်
နေ့စဉ် ဟင်း ၁၅ မျိုးခန့် ပြင်ဆင်ချက်ပြုတ်ကြောင်း သိရသည်။ (Xinhua)
#RestaurantAlleviates #VeryCheap #သက်သာသောဈေးနှုန်း #အစားအသောက်များ