Videos
တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းခြင်းအခမ်းအနား ရန်ကုန်မြို့၌ကျင်းပ
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် အားကစားနှင့်ကာယပညာသိပွံ (ရန်ကုန်) ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျား ၊ မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံ ဝူရှူး၊ လှေလှော်၊ ဘောလုံးနှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များနှင့် အားကစားသမားများ စုစုပေါင်းလူဦးရေ ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ပြောကြားရာ၌ အဆိုပါလှူဒါန်းခြင်းအခမ်းအနားသည် မြန်မာအားကစားသမားများ၏ အိပ်မက်ကို ပိုမိုမြင့်မားသောစင်မြင့်ပေါ် တက်လှမ်းနိုင်ရန် ကူညီပေးခြင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ အားကစားဖလှယ်မှုသည် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမို တိုးတက်စေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ အားကစားစိတ်ဓာတ်ကို လက်တွေ့ကျင့်သုံးသူ၊ ယဉ်ကျေးမှုအပြန်အလှန်သင်ယူလေ့လာသူ၊ လှပသောကမ္ဘာကြီးကို တည်ဆောက်သူများအဖြစ် အားကစားကို ပေါင်းကူးသဖွယ် အသုံးချ၍ နှစ်နိုင်ငံ ပြည်သူများအကြား နားလည်မှုနှင့်ချစ်ကြည်ရေးတံတားများ တည်ဆောက်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း၏ တည်ငြိမ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မြန်မာနိုင်ငံ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရေရှည်ကူညီပံ့ပိုးပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အားကစားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းနှင့် ဝူရှူး အားကစားသမားတို့ကလည်း ၎င်းတို့၏ ကျွမ်းကျင်မှုပညာများကို အစွမ်းပြသခဲ့ကြပါသည်။ (Xinhua)
#Donation #MyanmarSportsFederations #အားကစားနှင့်ကာယပညာသိပွံ(ရန်ကုန်)
