Videos
မြန်မာနိုင်ငံ၌ CITIC ကုမ္ပဏီ၏ လူမှုအကျိုးပြုလုပ်ငန်းများ ၁၀ နှစ်ပြည့် ပြည့်မြောက်ခဲ့ပြီဖြစ်
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
CITIC Myanmar ကုမ္ပဏီသည် “မြန်မာနိုင်ငံ၌ CITIC ကုမ္ပဏီ၏ လူမှုအကျိုးပြုလုပ်ငန်းများ ၁၀ နှစ်ပြည့် လှုပ်ရှားမှု” အခမ်းအနားကို ဒီဇင်ဘာ ၅ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျား၊ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ ထို့ပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရွှေထွန်း၊ CITIC Myanmar ကုမ္ပဏီ အထွေထွေမန်နေဂျာ ဖျောင်ပေါ စသည့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်ပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် CITIC Myanmar ကုမ္ပဏီနှင့် ၎င်း၏မြန်မာနိုင်ငံရှိ လူမှုအကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်းများက လူမှုအကျိုးပြုလုပ်ငန်းအကြောင်းအရာနှင့် အတွေးအမြင်များကို မျှဝေခဲ့ရာ အခမ်းအနားတွင် ချစ်ကြည်ရင်းနှီးသော အငွေ့အသက်များဖြင့် ကြိုင်လှိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
