Connect with us

Videos

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် နိုင်ငံတကာ အထည်အလိပ်နှင့် စက်ပစ္စည်းပြပွဲ ၃ ရက်ကြာ ကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ နိုင်ငံတကာအထည်အလိပ်နှင့် စက်ပစ္စည်းပြပွဲအား ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) တွင် ကျင်းပလျက် ရှိကြောင်းသိရသည်။ ယင်းပြပွဲအား Chinese Textile & Garment Association in Myanmar (CTGA) နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲတွင် အထည်အလိပ်နှင့် ဆက်စပ်ပစ္စည်းများ၊ အထည်ချုပ်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းများ ထည့်သွင်းပြသ ထားပြီး တရုတ်ကုန်အမှတ်တံဆိပ် ၁၀ ခု အပါအဝင် ပြသသူ ၁၀၀ ကျော် ပါဝင်ပြသ ထားကြောင်း သိရသည်။ ယင်းပြပွဲတွင် မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများကိုလည်း ပြသထားကြောင်း သိရသည်။ (Xinhua)