Videos
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန် နှစ်သစ်ကူး အချိန်အခါကို ကြိုဆိုရန် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအရ ပြုလုပ်လေ့ရှိကြသည့် အတာအိုးဓလေ့
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
သင်္ကြန်ကျရောက်လာခြင်းနှင့်အတူ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအရ အတာအိုး၊သင်္ကြန်အိုး (ပရိတ်အိုး)များကို အိမ်တိုင်းလိုလို ပြုလုပ်လေ့ရှိကြသည်။
အတာအိုးများကိုတော့ နှစ်သစ်ကိုကြိုဆိုသည့်သင်္ကေတအဖြစ် သင်္ကြန်မကျရောက်မီတွင် ကြိုတင်ပြင်ဆင်ရပြီး သင်္ကြန်ရက်များတစ်လျှောက် အတာအိုးများ ထားလေ့ရှိကြသည်။ရန်ကုန်မြို့ရှိ ညဈေးတန်း တစ်ခုအတွင်း အတာအိုးနှင့် ပန်းများ ကြိုတင်ဝယ်ယူကာ ပြင်ဆင်နေကြသည့် မြင်ကွင်းကို ဧပြီ ၁၂ ရက်ညပိုင်းက ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။
အတာအိုးများကို အိမ်ဦးခန်း၊ အိမ်ရှေ့ခန်း၊ အိမ်အပြင်ဘက်နေရာများတွင် သီးသန့်ထားလေ့ရှိကြသည်။ ၇ ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုး၊ အညွန့် ၇-မျိုး စသည်တို့ကို ရေအပြည့်ထည့်ထားသည့် အိုးတွင် အတာပန်းအိုးအဖြစ် ထိုးလေ့ရှိကြသည်။ အဓိပ္ပါယ်မှာ နှစ်သစ်တွင် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုတောင်းသည့်အနေဖြင့် ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
#မဟာသင်္ကြန် #နှစ်သစ်ကူး #ရိုးရာယဉ်ကျေးမှု #အတာအိုးဓလေ့