Videos
အဲရစ်ဆင်အား ဝုဖ်ဘတ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူ
ဘာလင်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အသင်း၏ ကွင်းလယ်ကို အားဖြည့်သည့်အနေဖြင့် ဝါရင့် ဒိန်းမတ်ကွင်းလယ်လူ ခရစ်ရှန် အဲရစ်ဆင်ကို ခေါ်ယူလိုက်ကြောင်း ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဝုဖ်ဘတ်အသင်းက စက်တင်ဘာ ၁၀ ရက် ညနေခင်းက ကြေညာခဲ့သည်။
အသက် ၃၃ နှစ်အရွယ် အဲရစ်ဆင်မှာ ပြီးခဲ့သည့် ရာသီကုန်၌ မန်ချက်စတာယူနိုက်တက်အသင်းမှ ထွက်ခွာခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဝုဖ်ဘတ်အသင်းထံ ပြောင်းရွှေ့လာခြင်းဖြစ်ကာ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၂၄ ဝတ်ဆင်ကစားမည်ဟု သိရသည်။
အဲရစ်ဆင်အနေဖြင့် နယ်သာလန်၊ အင်္ဂလန်နှင့် အီတလီတို့တွင် ကျင်လည်ခဲ့ပြီးနောက် ဂျာမန်လိဂ်တွင် ပထမဆုံး အတွေ့အကြုံအဖြစ် ဝုဖ်ဘတ်အသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
“ဝုဖ်ဘတ်ဟာ ကျွန်တော်ပထမဆုံးကစားဖူးတဲ့ ဘွန်ဒက်စ်လီဂါ ကလပ်အသင်းပါ။ ကျွန်တော် အဲဒီစွန့်စားခန်းအသစ်ကို တကယ်ပဲမျှော်လင့်စောင့်စားနေတာပါ” ဟု အဆိုပါ ဒိန်းမတ်ကွင်းလယ်ဖန်တီးရှင်က ဆိုသည်။
“အသင်းစီမံအုပ်ချုပ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုက သိပ်ကိုအပြုသဘောဆောင်ပြီး နည်းပြချုပ် ပေါလ် ဆီမိုနစ်စ်ရဲ့ အသင်းအပေါ်မှာထားတဲ့ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ကိုလည်း ကျွန်တော် ချက်ချင်းပဲ နားလည်သွားခဲ့တယ်။ ဒီမှာ နိုင်ငံအသင်းဖော်တွေ အများကြီးရှိနေတာမို့ ဒီအပြောင်းအရွှေ့က ကျွန်တော့်အတွက် အတော်လေး ဆွဲဆောင်မှုရှိပါတယ်” ဟု အဲရစ်ဆင်က ပြောသည်။
အဲရစ်ဆင်မှာ ကြွယ်ဝသည့် နိုင်ငံအသင်းနှင့် ကလပ်အသင်း အတွေ့အကြုံများနှင့်အတူ လိုးဝါး ဆက်ဆနီပြည်နယ်အခြေစိုက် ကလပ်အသင်းထံ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် ၁၄၄ ပွဲ ပါဝင်ကစားခဲ့ပြီး အသင်းအတွက် ပွဲအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားကာ ၄၆ ဂိုး သွင်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ပွဲ ၁၀၀ ကျော် ကစားခဲ့ပြီး တော့တင်ဟမ်၊ ဘရန့်ဖို့ဒ်နှင့် ယူနိုက်တက်တို့တွင် ကစားခဲ့စဉ်ကလည်း ပရီးမီးယားလိဂ်ပွဲပေါင်း ၃၀၀ ကျော် ပါဝင်ကစားခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ၂၀၂၂ ခုနှစ်တွင် အင်္ဂလန်သို့ တစ်ကျော့ပြန်မပြောင်းရွှေ့မီ အင်တာမီလန်အသင်းတွင် ကစားခဲ့စဉ်က စီးရီးအေဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။ (Xinhua)
#Sports #Wolfsburg #Eriksen #အားကစား #ဝုဖ်ဘတ် #အဲရစ်ဆင်
……………….
(English Version)
Wolfsburg signs Eriksen on free transfer
BERLIN, Sept. 10 (Xinhua) — VfL Wolfsburg have strengthened their midfield with the signing of Danish veteran Christian Eriksen, the Bundesliga side announced on Wednesday evening.
The 33-year-old joins on a free transfer after leaving Manchester United at the end of last season and has signed a two-year deal, and will wear the number 24 shirt.
For Eriksen, Wolfsburg represents his first experience in German football following spells in the Netherlands, England and Italy.
“VfL Wolfsburg is my first club in the Bundesliga, I am really looking forward to this new adventure,” the Danish playmaker said.
“The conversations with the management were very positive, and I could immediately sense [head coach] Paul Simonis’s clear vision for the team. Having several teammates from the national side here makes this step particularly attractive for me.”
Eriksen arrives in Lower Saxony with a wealth of international and club experience. Denmark’s record appearance holder with 144 caps and 46 goals, he has played in over 100 Champions League and Europa League matches and featured more than 300 times in the Premier League for Tottenham, Brentford and United. He also lifted the Serie A title with Inter Milan before returning to England in 2022.
English Caption 1
Christian Eriksen (front) of Denmark shoots during the Group D match against Tunisia at the 2022 FIFA World Cup at Education City Stadium in Al Rayyan, Qatar, Nov. 22, 2022. (Xinhua/Zheng Huansong)
English Caption 2
Tiago Tomas (1st L)of VfL Wolfsburg celebrates scoring with teammates during the first division of Bundesliga match between Bayer 04 Leverkusen and VfL Wolfsburg in Leverkusen, Germany, Sept. 22, 2024. (Photo by Ulrich Hufnagel/Xinhua)