တိုကျို၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ၏ လူဦးရေမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်အထိ ၁၂၄,၃၅၂,၀၀၀ ဦး ရှိပြီး ယခင်နှစ်ကထက် ၅၉၅,၀၀၀ ဦး သို့မဟုတ် ၀.၄၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ၁၃ နှစ်ဆက်တိုက် ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း...
ပေကျင်း၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ဆလိုဗက်ကီးယားနိုင်ငံသမ္မတအဖြစ် ရွေးကောက်ခံရသည့် Peter Pellegrini ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua) ……………………… (English Version) Xinhua News | Xi congratulates Pellegrini...
အောင်လံ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးအောင်လံ ခရိုင် အောင်လံမြို့ မဟာသင်္ကြန် ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့) ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း ၊ ယိမ်းအကများဖြင့်ဖျော်ဖြေခြင်းတို့အပြင် စတုဒိသာများဖြင့် ဧည့်ခံအလှူဒါနပြုခဲ့ကြောင်း သိရသည်။ (Xinhua)
ရန်ကုန် ဧပြီ ၁၄ ရက် (ဆင်ဟွာ) မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်အဖွဲ့ (Myanmar Cultural Heritage Trust) နှင့် စိမ်းလန်းစိုပြည် ဂါးဒင်းတို့ ပူးပေါင်းကျင်းပသည့် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်၊ ဇီဝိတဒါန ငါးလွှတ်ပွဲ၊ စတုဒီသာ ကျွေးမွေးပွဲနှင့် သင်္ကြန်ယိမ်း အကအလှ...
ရန်ကုန် ဧပြီ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်နေသော မဟာသင်္ကြန်အကြိုနေ့ ညနေပိုင်း မြင်ကွင်းများကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) မြန်မာ့ယဥ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် စိမ်းလန်းစိုပြည် ဂါးဒင်းတို့ပူးပေါင်းပြုလုပ်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပမှု မြင်ကွင်းများအား ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ (Xinhua)
ရန်ကုန် ဧပြီ ၁၃ ရက် (ဆင်ဟွာ) ၁၃၈၅ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့)နံနက် ၇ နာရီခွဲခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။ မဟာသင်္ကြန်ပွဲတော်သည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခု ဖြစ်သည့်အပြင် နှစ်ဟောင်းတွင် ကိန်းအောင်းနေသည့် ဘေးဥပဒ်အန္တရာယ်များ၊ စိတ်ဆိုးစိတ်ညစ်များအား ပပျောက်ကင်းစင်ကာသန့်ရှင်းခြင်းသို့ ရောက်ရှိစေရန်ရည်သန်၍...