ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် မြို့တော် ဟိုင်ခိုတွင် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာစားသုံးသူထုတ်ကုန်ပြပွဲကို ဧပြီ ၁၃ ရက်မှ ၁၈ ရက်အထိ ကျင်းပရန်စီစဉ်ထားပြီး ပြပွဲဧရိယာအား ၁၂၈,၀၀၀ စတုရန်းမီတာအထိ တိုးချဲ့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင်...
ဘန်ကောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၄၅ ကြိမ်မြောက် ဘန်ကောက် နိုင်ငံတကာမော်တော်ကားပြပွဲ ကျင်းပလျက်ရှိရာ အနာဂတ်အတွက် မော်တော်ကားမော်ဒယ်အသစ် ၂၀ ကျော် အပါအဝင် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ် အမှတ်တံဆိပ် ၄၉ ခုမှ လာရောက်ပြသခဲ့ကြသည်။ အဆိုပါ ပြပွဲကို မတ်...
အောင်လံ၊ မတ် ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် သွေးလှူဘဏ်ဖွင့်ပွဲအခမ်းအနားနှင့် အောင်လံမြို့ ပြည်သူ့ဆေးရုံအတွက် နေ့စဥ်အရေးပေါ်လိုအပ်နေသော သွေးများကို စေတနာဖြင့် လှူဒါန်းပေးကြသည့် သွေးလှူရှင်တစ်ထောင်အား ဂုဏ်ပြုခြင်းအခမ်းအနားကို မတ် ၂၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
ထရီပိုလီ၊ မတ် ၂၉ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရှိ Mitiga နိုင်ငံတကာလေဆိပ်သို့ တူရကီလေကြောင်းလိုင်းက လေကြောင်း ပြေးဆွဲမှု ၁၀ နှစ်ကြာ ရပ်ဆိုင်းပြီးနောက် မတ် ၂၈ ရက်တွင် စီးပွားဖြစ်လေကြောင်းခရီးစဉ်များ ပြန်လည် စတင်ခဲ့ကြောင်း လစ်ဗျားသယ်ယူပို့ဆောင်ရေးဝန်ကြီး Mohamed al-Shohobi က...
ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ စီးပွားရေး၊ မဟာဗျူဟာ၊ ပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်းများမှ ကိုယ်စားလှယ်များနှင့် ပေကျင်းမြို့တော်ရှိ ပြည်သူ့ခန်းမဆောင်တွင် မတ် ၂၇ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်-အမေရိကန်ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးပါမှုအရှိဆုံး နှစ်နိုင်ငံဆက်ဆံရေးများအနက် တစ်ခုဖြစ်ကြောင်း...
မကွေး၊ မတ် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ဇွေးမိကျေးရွာတွင် ကြက်သွန်စိုက်တောင်သူများက ကြက်သွန်နှုတ်သည့်လုပ်ငန်းခွင်ကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)
ရီယိုဒီဂျနေးရိုး၊ မတ် ၂၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံက “Tonelero” ရေငုပ်သင်္ဘောအား မတ် ၂၇ ရက်တွင် ရေချခဲ့ပြီး ရေငုပ်သင်္ဘော ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (ProSub) အရ ပြင်သစ်နိုင်ငံနှင့် ပူးပေါင်းတည်ဆောက်ခဲ့သည့် သုံးစင်းမြောက် ရေငုပ်သင်္ဘော ဖြစ်ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံ သမ္မတ Luiz...
ကူမင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်မှုက သိသိသာသာ တိုးတက်လျက်ရှိကြောင်း သိရသည်။ မြန်နှုန်းမြင့်ရထားလမ်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ၂၁.၁၇ ကီလိုမီတာ ရှည်လျားသည့် Binghui ဥမင်လိုဏ်ခေါင်းက ဖောက်လုပ်မှုလုပ်ငန်းစဉ်တွင် မတ် ၂၆ ရက်အထိ ၂၀,၀၄၂...
တိုကျို၊ မတ် ၂၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအစိုးရ၏ လက်နက်တင်ပို့မှုထိန်းချုပ်ရေး ထပ်မံလျှော့ချရေးနှင့် ကာကွယ်ရေးပစ္စည်းများ လွှဲပြောင်းခြင်းဆိုင်ရာ စည်းမျဉ်းများ ဖြေလျှော့လိုက်ခြင်းအား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဝန်ကြီးချုပ်၏ နေအိမ်ရှေ့တွင် ကန့်ကွက်ဆန္ဒပြသူအများအပြားက မတ် ၂၆ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားက စုရုံးခဲ့ကြကြောင်း သိရသည်။ မျိုးဆက်သစ်တိုက်လေယာဉ်များအား ဗြိတိန်၊ အီတလီနိုင်ငံတို့နှင့်...
မော်စကို၊ မတ် ၂၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံရှိ Ebeko မီးတောင်က ပြာမှုန့်များအား မီတာ ၃,၀၀၀ အမြင့်အထိ လေထုထဲသို့ မှုတ်ထုတ်ခဲ့ကြောင်း ရုရှားသုတေသနအဖွဲ့က မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ “မီးတောင်က ပြာတွေ မှုတ်ထုတ်တာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃,၀၀၀ မီတာခန့်...