ဟဲချီ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသော Tian’e Longtan သံကူကွန်ကရစ် ပေါင်းကူးတံတားကြီးကို အများပြည်သူ ဖြတ်သန်းသွားလာနိုင်ရန် ဖေဖော်ဝါရီ ၁ ရက်က ဖွင့်လှစ်ခဲ့သည်။ ကွမ်ရှီးဒေသ ဟဲချီမြို့၊ Tian’e ခရိုင်ရှိ ဟုန်ဆွေ့မြစ်ပေါ်တွင်...
ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာဖရိက၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ၁၅ နှစ်ဆက်တိုက် ဆက်လက်ရှိနေဆဲဖြစ်ကာ နှစ်ဘက်ကြား ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၈၂.၁ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်သူက ဇန်နဝါရီ ၃၁ ရက်၌ ပြောကြားခဲ့သည်။...
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းသဘောတူညီချက်က မတ်လ ၁ ရက်မှစ၍ စတင်အသက်ဝင်လာမည် ဖြစ်သည်။ သာမန်ဌာနဆိုင်ရာပတ်စပို့နှင့် သာမန်ပတ်စပို့ကိုင်ဆောင်ထားသည့် တရုတ်နိုင်ငံသားများနှင့် သာမန်ပတ်စပို့ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံသားများက တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ဖြင့် တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ အထိ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ၆ လတာ ကာလအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်စပ် တရားခံ ၄,၃၇၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းသား/သူ ၁.၃၄ သန်းကျော် ကျောင်းတက်ရောက်ရန် ပျက်ကွက်ခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။ ယခုနှစ် ပညာသင်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိအခြေခံကျောင်းများအနေဖြင့် ကျောင်းအပ်နှံသူ ၈ သန်းကျော်ရှိခဲ့ရာ ယနေ့အချိန်တွင် ၆ သန်းကျော်သာ ကျောင်းတက်ရောက်လျက်ရှိသောကြောင့်...
ဟဲခို၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဟဲခိုခရိုင်၌ ကျင်းပသည့် နယ်စပ်ဖြတ်ကျော် ပျော်ပွဲရွှင်ပွဲတွင် တရုတ်နှင့် ဗီယက်နမ်နိုင်ငံသားများက နွေဦးပွဲတော်အား အတူတကွ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ (Xinhua) ………………………… (English Version) GLOBALink | Cross-border Spring Festival...
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က နိုင်ငံတော် တစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ခြောက်လ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။ နိုင်ငံအတွင်း သာမန်မဟုတ်သည့်အခြေအနေများ...
တီဟီရန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ Shahr-e Aftab International Exhibition Center ၌ ၅ ကြိမ်မြောက် တီဟီရန် မော်တော်ကားပြပွဲကို ဇန်နဝါရီ ၂၉ ရက်က စတင်ကျင်းပခဲ့သည်။ မော်တော်ကားထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းနှင့် အပိုပစ္စည်းများ ထုတ်လုပ်၊တင်သွင်းခြင်းဆိုင်ရာ...
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၌ နဂါးနှင့် ခြင်္သေ့အကအဖွဲ့များသည် တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် နီးကပ်လာချိန်တွင် ပွဲတော်အတွင်း ဖျော်ဖြေပွဲများအတွက် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်လျှက်ရှိသည်။ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို ကြိုဆိုဂုဏ်ပြုရန် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများသည် ၎င်းတို့၏နေအိမ်များကို အနီရောင် စက္ကူအလှညှပ် စာလုံး သင်္ကေတများ၊ အသုံးအဆောင်များ၊ နေအိမ်များတွင် ချိတ်ဆွဲသည့်...
ရှီးဇန့်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) အံ့သြဖွယ်ရာသတင်းဖြစ်စဉ် ! Hoh Xil ဒေသ ရှိ ကင်းလှည့်အဖွဲ့တစ်ဖွဲ့သည် တိဗက်တောဆိတ်ပေါက် ၃ ကောင်ကို ကယ်ဆယ်ပြီးနောက် ခြောက်လအကြာတွင် ယင်းတောဆိတ်ပေါက်လေးများမှာ ကျန်းမာရေးကောင်းမွန်ပြီး တောဓလေ့ နေထိုင်မှုပုံစံအား လေ့ကျင့်မှုစတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။ ကံကောင်းစွာဖြင့် အဆိုပါ...