ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ၂၀၂၅ခုနှစ် နှစ်သစ်ကြိုဆိုပွဲအဖြစ် Yangon 2025 Countdown Festival ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။ (Xinhua)
နေပြည်တော်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသည့် အချက်အလက်များနှင့်ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး ရှေ့ပြေးလူဦးရေ စာရင်းအဖြစ် ၂၀၂၄ခုနှစ်တွင် မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ရှိကြောင်း...
ရှင်းကျန်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်းဒေသ၌ ကမ္ဘာ့အရှည်ဆုံး အမြန်လမ်းဥမင်လိုဏ်ခေါင်းဖြစ်သည့် ထျန်းဆန်းစိန့်လိဥမင်လိုဏ်ခေါင်းသည် ဒီဇင်ဘာ ၃၀ ရက်တွင် ပြီးစီးသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua) …………………………. (English Version) World’s longest expressway tunnel opens in...
ဟားအယ်ပင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ရေခဲမြို့တော်ဟု တင်စားခေါ်ဝေါ်လေ့ရှိသည့် ဟားအယ်ပင်းမြို့က တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး ဆောင်းရာသီခရီးသွားနေရာများအနက်တစ်ခု ဖြစ်လာခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua) ………………………… (English Version) GLOBALink | China’s Harbin...
ဟေးလုံကျန်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် သုအော်ပေါ်ထဲ့မွန်ဂိုလီးယားတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ရေခဲနေသော လျန်ဟွမ် ရေကန်တွင် ဆောင်းရာသီငါးဖမ်းပွဲအား ပြုလုပ်လျက်ရှိကာ ခရီးသွားဧည့်သည် အများအပြားကို ဆွဲဆောင်လျက် ရှိကြောင်း သိရသည်။ (Xinhua) …………………………….. (English Version) Winter fishing event attracts...
ချုံချင့်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) အဆင့်မြှင့်တင်ထားသော CR400AF-S ဖူရှင်းကျည်ဆန်ရထားသည် တရုတ်နိုင်ငံ ချုံချင့်မြို့တွင် စတင်ပြေး ဆွဲနေပြီဖြစ်သည်။ ၎င်းကျည်ဆန်ရထားသည် အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၃၅၀ ကီလိုမီတာရှိပြီး ခရီးသည်တင် နေရာနှင့် အထုပ်အပိုးများသိမ်းဆည်းရန်နေရာ ပိုမိုကျယ်လာကာ ဆူညံသံများ လျှော့ချထားခြင်းဖြင့် ၎င်း၏ စွမ်းဆောင်ရည်အား...
စိန်ရန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်ရှိ မြို့တော် စိန်ရန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဒူဘိုင်းမြို့တို့ကို ဆက်သွယ်ထားသော လေကြောင်းခရီးစဉ်သစ်တစ်ခုအား ဒီဇင်ဘာ ၂၈ ရက်က တရားဝင်ပြေးဆွဲနေပြီဖြစ်ကြောင်း China Southern လေကြောင်းလိုင်း၏ ပြောကြားချက်အရ သိရသည်။ (Xinhua) …………………………...
စူးအက်တူးမြောင်း၏ အလျား ၁၀ ကီလိုမီတာရှိသော တောင်ဘက်လမ်းပိုင်းတစ်လျှောက်တွင် သင်္ဘောများ အသွားအပြန် ခုတ်မောင်းသွားလာနိုင်သည့် လမ်းကြောင်းသစ်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း စူးအက်တူးမြောင်း အာဏာပိုင်အဖွဲ့ (SCA) က ဒီဇင်ဘာ ၂၈ ရက်၌ ကြေညာခဲ့သည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Z2b ……………………… (English Version)...
ရှေးခေတ် တရုတ်နိုင်ငံ၏ အဓိကကျသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုဖြစ်ကာ နှစ်ပေါင်း ၂,၅၀၀ ကျော် သက်တမ်းရှိသည့် နိုင်ငံ၏ သမိုင်းဝင် မဟာတူးမြောင်းကြီးအား ဒေသခံများက ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်လျက်ရှိသည်။ (Reposted from Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Z1D
ဆိုးလ်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ မူအန်လေဆိပ်၌ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဖြစ်ပွားသော ခရီးသည်တင်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ၁၂၀ ဦး ရှိပြီဖြစ်သည်ဟု အတည်ပြုခဲ့ပြီး ကျန်ခရီးသည်များ၏အခြေအနေကို ထပ်ဆင့်အတည်ပြုနေဆဲဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ မီးသတ်တပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျသည့် အချင်းဖြစ်...