ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဂါဇာဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးရာတွင် အစ္စရေးတို့၏ ထိုးစစ်ဆင်မှုက ကြီးမားသည့် အတားအဆီးများကို ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) ————————— Israel creates massive...
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များအစည်းအဝေးကို ဒီဇင်ဘာ ၂၅ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဒီဇင်ဘာ ၂၂ ရက်၌ ကြေညာခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရှင်သာမဏေဓမ္မဗိမာန်သာသနာ့ဝန်ဆောင်အဖွဲ့ကကျင်းပသော ၃၅ ကြိမ်မြောက် သာသနာ့ဝန်ဆောင် သာမဏေကျော်စာတော်ပြန်စာမေးပွဲသို့ ကြွရောက်လာသည့် သာမဏေများကို ဒီဇင်ဘာလ ၂၃ ရက်က ရိုက်ကူးထားခြင်း ဖြစ်သည်။ (Xinhua)
ဂါဇာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) လက်ရှိဖြစ်ပွားနေသော အစ္စရေး-ဟားမက်စ် ပဋိပက္ခကြောင့် ဂါဇာကမ်းမြောင်ဒေသက တိရစ္ဆာန်ရုံရှိ သတ္တဝါလေးများမှာ ချို့တဲ့သော နေထိုင်မှုအခြေအနေများဖြင့် ကြုံတွေ့လျက်ရှိကြောင်း သိရသည်။ ဂါဇာဒေသ တောင်ပိုင်း ရာဖာမြို့တွင် လွန်ခဲ့သော ရက်အနည်းငယ်က အနီးဝန်းကျင်ရှိ လူနေအိမ်တစ်လုံးကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တောရိုင်းတိရစ္ဆာန်များစွာ နေထိုင်လျက်ရှိသော...
မုံရွာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ကမ္ဘာကျော် မဟာလယ်တီကျောက်စာတိုက် မြင်ကွင်းများကို ဒီဇင်ဘာလ ၂၃ ရက်က ရိုက်ကူးထားခြင်းဖြစ်သည်။ (Xinhua)
အမ်မန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဂါဇာဒေသ၌ အစ္စရေး၏ တိုက်ခိုက်မှုများ အဆုံးသတ်ရေး တောင်းဆိုရန် ဂျော်ဒန်နိုင်ငံ မြို့တော် အမ်မန်ရှိ အမေရိကန် သံရုံးရှေ့သို့ ပြည်သူထောင်ပေါင်းများစွာ ဒီဇင်ဘာ ၂၂ ရက်က စုဝေးခဲ့ကြကြောင်း သိရသည်။ အဆိုပါဆန္ဒပြသူများသည် ဂါဇာကမ်းမြောင်ဒေသနှင့် West Bank ရှိ...
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဂါဇာဒေသတွင် အလွန်လိုအပ်နေသည့် အကူအညီများပေးရေး အရေးကြီးဆုံးဖြတ်ချက်အတွက် ကြာမြင့်စွာ နှောင့်နှေးနေသော မဲခွဲဆုံးဖြတ်မှုအား အမေရိကန်နိုင်ငံ၏ သဘောမတူညီမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) က ဒီဇင်ဘာ ၂၁ ရက်၌ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ ယင်းသို့ မဲပေးမှုကို ရွှေ့ဆိုင်းခြင်းသည် ရက်သတ္တပတ်တစ်ပတ်အတွင်း...
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ အသင်းဝင်များအားလုံး အွန်လိုင်းမှတစ်ဆင့် Software အသုံးပြု၍ ရွှေအရောင်းအဝယ်လုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ စီစဉ်လျက်ရှိကြောင်း YGEA မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၂ ရက်တွင်ပြောသည်။...
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဗိုလ်တထောင် ဆိပ်ကမ်းတွင် လာရောက် အပန်းဖြေကြသူများ၊ ဘဝသရုပ်ဆောင်များနှင့် ရန်ကုန်မြစ်၏ နေဝင်ဆည်းဆာ အခိုက်အတန့် မြင်ကွင်းကို ဒီဇင်ဘာလ ၂၂ ရက်က ရိုက်ကူးထားခြင်း ဖြစ်သည်။ (Xinhua)
မော်စကို၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်က ယူကရိန်းပဋိပက္ခကို တမင်သက်သက် ရှည်ကြာအောင်ပြုလုပ်နေကြောင်း ရုရှားစစ်တပ်၏ စစ်ဦးစီးချုပ် Valery Gerasimov က ဒီဇင်ဘာ ၂၁ ရက်က ပြည်ပ စစ်သံမှူးများနှင့် ပြုလုပ်သည့် ရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့သည်။ “ဝါရှင်တန်က ယူကရိန်းပဋိပက္ခကို ရှည်ကြာစေမယ့် မူဝါဒကို...