မော်စကို၊ မတ် ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် မတ် ၁၈ ရက် နံနက်ပိုင်းအထိ ဆန္ဒမဲ ၉၅.၀၄ ရာခိုင်နှုန်း ရေတွက်ပြီးစီးပြီ ဖြစ်ရာ သမ္မတ ဗလာတီမာပူတင်က ဆန္ဒမဲ ၈၇.၃၂ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။ ရုရှားသမ္မတရွေးကောက်ပွဲစည်းမျဉ်းများအရ ဆန္ဒမဲ...
ရန်ကုန် မတ်လ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အပါအဝင် ရန်ကုန်မြို့ရှိမြို့နယ်တချို့တွင် မတ် ၁၇ ရက် နေ့လည် ၃ နာရီ ဝန်းကျင်ခန့်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ကြောင်း သိရသည်။ (Xinhua)
ဂါဇာ၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဆိုက်ပရပ်စ်-ဂါဇာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရေကြောင်းစင်္ကြံလမ်းအား ဖြတ်သန်းသွားလာသည့် ပထမဆုံး အကူအညီသင်္ဘောသည် ပါလက်စတိုင်းနယ်မြေ၏ ကမ်းခြေသို့ မတ် ၁၅ ရက်တွင် ရောက်ရှိခဲ့ပြီး ကုန်စည်ချပေးခြင်းများ စတင်ခဲ့ကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲအား ဧပြီ ၁၉ ရက်မှစတင်ကာ အဆင့် ၇ ဆင့်ဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း အိန္ဒိယရွေးကောက်ပွဲကော်မရှင်က မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယား-တရုတ် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၌ ပညာသင်ကြားရန် ရွေးချယ်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် ကမ္ဘောဒီးယား ကျောင်းသူ Meng Meymey က ယင်းတက္ကသိုလ်က ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားသည့် တက္ကသိုလ်ပညာရည်အဆင့်နှင့်အတူ အရည်အသွေးမြင့် ပညာရေးကို ပေးနိုင်သည်ဟု ယုံကြည်နေလျက် ရှိသည်။
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးနေရာသို့ Chang’e-6 လကမ္ဘာသွားအာကာသယာဉ် ရောက်ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံ အာကာသစီမံခန့်ခွဲမှုဌာန (CNSA) က မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ဥရောပကာကွယ်ရေးစက်မှုလုပ်ငန်းအတွက် ပံ့ပိုးမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် လက်နက်ခဲယမ်းထုတ်လုပ်မှု မြှင့်တင်ရေးအတွက် ဥရောပကော်မရှင်က ယူရိုငွေ သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၅၄၄ သန်းခန့်) ခွဲဝေသတ်မှတ်ခဲ့ကြောင်း မတ် ၁၅ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ) နိုဝင်ဘာလတွင် ကျင်းပမည့် ဒုတိယအကြိမ် တရုတ် နိုင်ငံတကာထောက်ပံ့ကွင်းဆက်ကဏ္ဍပြပွဲ (CISCE) ရှိ အဆင့်မြင့်ကုန်ထုတ်လုပ်မှုပြခန်းဧရိယာကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူက မတ် ၁၅ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန် မတ်လ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်မှစတင်ဖြေဆိုခဲ့ရာ သိပ္ပံတွဲနှင့် ဝိဇ္ဇာတွဲ ဘာသာရပ်များ မတ် ၁၆ ရက်တွင် ဖြေဆိုပြီးဆုံးကြောင်း သိရသည်။ ထို့ပြင် မတ် ၁၈ ရက်တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ် ၁၉...
ယူနန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Baishuitai ကျေးရွာတွင် သဘာဝအတိုင်းဖြစ်ပေါ်နေသော လှေကားထစ်ပုံစံများက မျက်စိပသာဒဖြစ်ဖွယ်ပင်ဖြစ်သည်။ နွေဦးရာသီတွင် ထုံးကျောက်များအရည်ပျော်မှုဖြစ်စဉ်က အံ့ဖွယ်ဖြစ်ရပ်တစ်ခုအဖြစ် သဘာဝအလျောက် ဖန်တီးပုံဖော်လျက်ရှိသည်။ (Xinhua) …………………… (English Version) Aerial view of amazing...