ဖနွမ်းပင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် သုံးရက်ကြာကျင်းပသော ရေသဘင်ပွဲတော်က မြို့တော် ဖနွမ်းပင်သို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၄.၉ သန်းခန့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအား ကိုင်တွယ်ဖြေရှင်းရေး အရေးကြီးဆောင်ရွက်မှုများ လုပ်ဆောင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို နိုဝင်ဘာ ၂၉ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
ကွမ်ကျိုး၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်မြို့နှင့် ကျုံးဆန်းမြို့ကြားရှိ ပင်လယ်ဖြတ်ကျော် အဝေးပြေးလမ်းစီမံကိန်း ပြီးစီးလုနီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။
ဂါဇာ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) အစ္စရေးနှင့် ဟားမက်စ်တို့အကြား ယာယီအပစ်အခတ်ရပ်စဲထားစဉ် ဂါဇာဒေသခံတချို့က ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသော်လည်း အုတ်ကျိုးအုတ်ပဲ့နှင့်အပျက်အစီးများသာ တွေ့ရှိခဲ့ရကြောင်း သိရသည်။ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Al-Zahra ရပ်ကွက်တွင် ပြည်သူများက အပျက်အစီးများအောက်မှ ၎င်းတို့၏ ပိုင်ဆိုင်သည့် ပစ္စည်းတချို့ကို ပြန်လည်ရယူရန် ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။...
ကွမ်တုန်း၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်မြို့နှင့် ကျုံးဆန်းမြို့အကြား ပင်လယ်ဖြတ်ကျော် အဝေးပြေးလမ်းစီမံကိန်း တည်ဆောက်မှုလုပ်ငန်းများက ပြီးစီးလုနီးပါး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua) ———————– Aerial views of China’s new cross-sea highway The...
နယူးယောက်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သဘောတူညီမှုအသစ်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အစ္စရေးနှင့် ပါလက်စတိုင်းကြား ပြီးပြည့်စုံ၍ တည်တံ့သော အပစ်အခတ်ရပ်စဲရေး၊ ထိန်းသိမ်းထားသူများ ပြန်လွှတ်ပေးရေး၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၏ အဓိကအချက်တစ်ခုဖြစ်သော နှစ်နိုင်ငံ အဖြေရှာခြင်းနည်းလမ်းဆီသို့ ပြန်လည်ရောက်ရှိရေး တွန်းအားပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး...
ကိုင်ရို၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံက တရုတ်ခရီးသွားလုပ်ငန်းဈေးကွက်၌ ပါဝင်မှု တိုးမြှင့်ရေး ရည်မှန်းချက်ဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၈ ခုနှစ်မတိုင်မီ နှစ်စဉ် တရုတ်ခရီးသွားဧည့်သည် ၃ သန်းကို ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း အီဂျစ် ခရီးသွားလာရေးနှင့် ရှေးဟောင်းပစ္စည်းဆိုင်ရာဝန်ကြီး Ahmed Issa က ပြောကြားခဲ့သည်။...
ကွမ်တုန်း၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တုန်းကွမ်မြို့ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဌာနတစ်ခု၌ စစ်ဆေးရေးလုပ်ငန်းအား ကူညီရန် စက်ရုပ်ခွေးကို စတင်အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua) …………………………. (English Version) Robot dog helps with power station inspection in China’s Guangdong...
ပေကျင်း၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် အခြေအနေတင်းမာမှု လျှော့ချရေး ဆောင်ကြဉ်းပေးနိုင်မည့် ကြိုးပမ်းအားထုတ်မှုများအားလုံးကို တရုတ်နိုင်ငံက ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပါလက်စတိုင်း-အစ္စရေး အရေးနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဂါဇာဒေသ လက်ရှိအခြေအနေအပေါ် မှတ်ချက်ပြုရန်...
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်မြို့အပါအဝင် ဒေသအသီးသီးရှိ ဘုရားစေတီ ပုထိုးများတွင် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးပြည်သူများက ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ခြင်း၊ တန်ဆောင်တိုင်ပွဲတော် မီးရှူးမီးပန်း ပစ်ဖောက်ခြင်း၊ တန်ဆောင်တိုင်ပွဲတော် ဆင်ယင်ကျင်းပခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)