ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ပဲခူးမြို့တွင် ယခုရက်ပိုင်းအတွင်း အပြင်းအထန်ဆုံး ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး နေရာအနှံ့အပြား ရေနစ်မြုပ်နေကြောင်း၊ အမြင့်ပိုင်း ရပ်ကွက်များ အပါအဝင် ပဲခူးဆေးရုံ၊ ပဲခူးမြို့မဈေးနှင့် မြို့လယ်ရှိ နေရာအားလုံးသို့ ရေဝင်ရောက်နေသဖြင့် ဈေးများနှင့် ကျောင်းတချို့ ပိတ်ထားရကြောင်း သိရသည်။ (Xinhua)
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သည့် အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။...
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပါဝင်သောနိုင်ငံများအနေဖြင့် မူဝါဒညှိနှိုင်းဆောင်ရွက်မှုနှင့် အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှုများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းအရ သိရသည်။ “ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်...
ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပခဲ့သည့် အာရှအားကစားပြိုင်ပွဲတွင် အားကစားပွဲအတွင်း အသေးစိတ်ကအစ စနစ်တကျရှိသည့် ကောင်းမွန်သည့်စီမံခန့်ခွဲမှုများရှိကြောင်း ရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ နည်းပြချုပ် ဦးအောင်ချိုမြင့်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၀ ရက်၌ ဆင်ဟွာနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဦးအောင်ချိုမြင့်က...
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ပဲခူးမြို့ရှိ ကုန်းမြင့်ပိုင်း ရပ်ကွက်များသို့ပါ ရေများတဖြည်းဖြည်းချင်း မြင့်တက်လျက်ရှိကာ တစ်မြို့လုံးရေကြီးရေလျှံဖြစ်ပွားနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေသူများလည်း အလျင်မီအောင် လှေနှင့်သွားရောက် ကယ်ဆယ်လျက်ရှိသည်။“အခြေအနေက ရေကတော်တော်ကြီးတယ်ဗျ။ မကူညီနိုင်တာတွေတောင် အများကြီးရှိတယ်။ ရေကြီးတာက နှစ်စဉ်ရေကြီးနေကျပေမဲ့ ဒီနှစ်ကတော့ ရေအကြီးဆုံးနှစ်ပဲ။ မိုးများတာရယ်၊ ဆည်က ရေပိုလွှဲရေကြောင့် ရေကကြီးသွားတာပါ။...
ကင်မရွန်းနိုင်ငံ၌ မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၃၀ ထိ မြင့်တက် ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ ယာအွန်ဒီ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ မြို့တော် ယာအွန်ဒီ၌ အောက်တိုဘာ ၈ ရက်တွင် လူနေအိမ်များနှင့် အဆောက်အဦများ နှစ်မြုပ်သွားခဲ့သည့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများက...
ဝူဟန့်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ ရေပြင်ညှိဆည်မှတစ်ဆင့် ကုန်စည်ဖြတ်သန်းစီးဆင်းမှုမှာ ယခုနှစ် ပထမသုံးလပတ်အတွင်း တန်ချိန် ၁၂၇ သန်းရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၀.၀၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အောက်တိုဘာ ၈ ရက် အချက်အလက်များ၌ ဖော်ပြထားသည်။
ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား အကြမ်းဖက်မှု အဆိုးသံသရာ အဆုံးသတ်ရေးအတွက် အောက်တိုဘာ ၉ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံရှိ ခရိုင် ၁၃ ခုမှ ပြည်သူ ၇၁,၀၀၀ ကျော်မှာ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရကြောင်း သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုစင်တာ (DMC) က အောက်တိုဘာ ၉ ရက်၌ ပြောကြားခဲ့သည်။ ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများကြောင့်...
ဂါဇာ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအတွင်း သေဆုံးသူဦးရေသည် ဆက်လက်မြင့်တက်လျက်ရှိသကဲ့သို့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုများအတွင်း ဂါဇာဒေသ၌ ဒေသခံ ၁၀၀,၀၀၀ ကျော်လည်း ၎င်းတို့၏ နေအိမ်များအား စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။ (Xinhua) —————————- GLOBALink | On site in Gaza:...