ယူနန် နှာခေါင်းတိုမျောက်ပေါက်လေးနှစ်ကောင်မှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် တီချင့်ပြည်နယ်ခွဲရှိ ပိုင်မာနှင်းတောင် အမျိုးသားသဘာဝဘေးမဲ့တောထဲတွင် ပျော်ပျော်ပါးပါး နပန်းလုံးကာ ဆော့ကစားလျက်ရှိသည်။ အစဉ်တစိုက် ကြိုးပမ်းထိန်းသိမ်းမှုများကြောင့် အဆိုပါ ဘေးမဲ့တော၏ ဂေဟဗေဒ အခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိရာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော အဆိုပါ မျောက်မျိုးစိတ် အရေအတွက်မှာ လွန်ခဲ့သောနှစ်များအတွင်း ပိုမိုတိုးပွားလာခဲ့ကြောင်း သိရသည်။...
ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့အနေဖြင့် တံခါးဖွင့်လှစ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆက်လက်ထိန်းသိမ်းကာ မတူကွဲပြားမှုများကို သင့်လျော်မှန်ကန်စွာ ကိုင်တွယ်စီမံသင့်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇူလိုင် ၂၄ ရက်၌ ပြောကြားခဲ့သည်။ ၂၅ ကြိမ်မြောက် တရုတ်-အီးယူ ထိပ်သီးအစည်းအဝေး...
အစ္စတန်ဘူလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၃ ရက် ညပိုင်းတွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ တတိယအကြိမ်မြောက် တိုက်ရိုက်စေ့စပ်ညှိနှိုင်းပွဲ ကျင်းပခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုသည် ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင် တွေ့ဆုံဆွေးနွေးရန်၊ အပစ်အခတ်ရပ်စဲရန် စသည့် အဓိကအကြောင်းအရာများတွင်...
မက်ဒရစ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဘာစီလိုနာအသင်းက အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်အား မန်ချက်စတာ ယူနိုက်တက်အသင်းထံမှ အငှားဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်၌ အတည်ပြုခဲ့ပြီး ရက်ရှ်ဖို့ဒ်ကလည်း ၎င်း၏ အပြောင်းအရွှေ့သတင်းအား ဗီဒီယိုမှတစ်ဆင့် တရားဝင်အတည်ပြုခဲ့သည်။ ရက်ရှ်ဖို့ဒ်အနေဖြင့် လာလီဂါနှင့် ကိုပါဒယ်ရေး...
ဘန်ကောက်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ဒေသစံတော်ချိန် ဇူလိုင် ၂၄ ရက် ည ၉ နာရီအထိ ထိုင်းအရပ်သား ၁၃ ဦးနှင့် စစ်သည် ၁ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန...
ကျင်းဖိန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မျိုးသုဉ်းပျောက်ကွယ်သွားသော သစ်ခွမျိုးစိတ်အဖြစ် ယခင်က သတ်မှတ်ထားသည့် ယူလောဖီးရား မိုနမ်သာ (Eulophia monantha ) တောရိုင်း သစ်ခွပန်းကို ယူနန်ပြည်နယ် ကျင်းဖိန်ခရိုင်တွင် ရှာဖွေတွေ့ရှိခဲ့ကြသည်။ အဆိုပါ ရှားပါးအပင်ကို တရုတ်နိုင်ငံ၏ ပထမဆုံး မြင်တွေ့မှုအဖြစ် လွန်ခဲ့သော ၁၁၂...
ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း (FTP) ကို တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဟိုင်နန်ကျွန်းတစ်ခွင် သီးခြားလွတ်လပ်သော အကောက်ခွန်လုပ်ငန်းအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် တရားဝင်စတင်တော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ထိပ်တန်း စီးပွားရေးစီမံကိန်းရေးဆွဲရေးအဖွဲ့...
ရှန်ကျိုး-၁၉ လူလိုက်ပါသော အာကာသမစ်ရှင်တွင် ပါဝင်ခဲ့သည့် အာကာသယာဉ်မှူး သုံးဦးအား တရုတ်နိုင်ငံ၏ အာကာသဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအပေါ် အကျိုးထမ်းဆောင်မှုများအတွက် ဇူလိုင် ၂၃ ရက်က ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ချိုက်ရွှိကျယ်မှာ လေကြောင်းနှင့်အာကာသဆိုင်ရာ ဒုတိယအဆင့် စွမ်းဆောင်မှုဆုတံဆိပ် ချီးမြှင့်ခံခဲ့ရပြီး စုန့်လင့်တုန်းနှင့် ဝမ်ဟောက်ကျယ်တို့မှာမူ လေကြောင်းနှင့်အာကာသဆိုင်ရာ တတိယအဆင့် စွမ်းဆောင်မှုဆုတံဆိပ်နှင့်...
ဘန်ကောက်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံ Surin ပြည်နယ်ရှိ ရပ်ကွက်တစ်ခုကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် BM-21 ဒုံးကျည်အမြောက်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒေသရှိ လူထုကို ထိုင်းဘက်က ဘေးလွတ်ရာသို့ ချက်ချင်းရွှေ့ပြောင်းပေးခဲ့ရကြောင်း...
စင်ကာပူ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ဗလင်စီယာအသင်း၏ စပိန် ယူ-၂၁ နောက်ခံလူ ခရစ္စသီယန် မော့စကယ်ရာမှာ စင်ကာပူသို့ ရာသီကြို အာရှခြေစမ်းခရီးစဉ်အဖြစ် ရောက်ရှိနေသည့် အာဆင်နယ်အသင်းနှင့် လာရောက်ပူးပေါင်းခဲ့ပြီးနောက် အာဆင်နယ်အသင်းနှင့် စာချုပ်ချုပ်ဆိုရန် အလွန်နီးစပ်နေပြီဟု သိရသည်။ မော့စကယ်ရာမှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရှိသော ငါးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ကာ...