ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၌ မေ ၂၅ ရက်မှ မေ ၂၈ ရက်အထိ ၄ ရက်ကြာကျင်းပသော မြန်မာ-တရုတ် ကုန်စည်ပြပွဲသို့ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော် လာရောက်ခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ မေ ၃၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့၌ မေ ၃၀ ရက်အစောပိုင်းက ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦ အများအပြား အနည်းငယ်ထိမှန်ပျက်စီးသွားခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sergei Sobyanin ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားနိုင်ငံ RIA Novosti သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဒမတ်စကတ်စ် ၊ မေ ၃၀ ရက်(ဆင်ဟွာ) Rasha Hasan ဆိုသော အမျိုးသမီးက ၎င်း၏ ကျောင်းနေအရွယ်ကလေးသုံးဦးကို ထောက်ပံ့ပေးနိုင်ရေး နှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရေးအတွက် ဒမတ်စကတ်စ်မြို့ရှိ လမ်းများပေါ်တွင် tuk-tuk ယာဉ်မောင်းနှင်ရန် စိတ်ကူးရရှိလာခဲ့သည်။သို့သော် ဆီးရီးယားနိုင်ငံ၌ tuk-tuk ယာဉ်များမှာ ရှားပါးသွားပြီ ဖြစ်သည်။
ကျိုချွမ်၊ မေ ၃၁ ရက် (ဆင်ဟွာ) ရှန်ကျိုး-၁၆(Shenzhou-16) လူတင်အာကာသယာဉ် တင်ဆောင်ထားသော Long March 2F Yao-16 သယ်ဆောင်ရေး ဒုံးပျံကို မေ ၃၀ ရက် နံနက် ၉ နာရီ ၃၁ မိနစ်က ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ လွှတ်တင်ခဲ့သည်။...
ပေကျင်း၊ မေ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လတွင် စီးပွားဖြစ် သယ်ယူပို့ဆောင်ရေးမှတစ်ဆင့် ခရီးသည် ခရီးစဉ်စုစုပေါင်း သန်း၇၈၀ ကို ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူကထက် ၁၄၁.၁ ရာခိုင်နှုန်း တိုးလာကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ၏ မေ ၃၀ ရက်ထုတ်ပြန်ချက်အရ သိရသည် ။...
စီချွမ်း ၊ မေ ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ဝေါ့လုန်အမျိုးသားသဘာဝဘေးမဲ့တော၌ တစ်ကိုယ်လုံး အဖြူရောင်ရှိသည့် ပန်ဒါတစ်ကောင်ကို တွေ့ရှိခဲ့သည်။ တစ်မူထူးခြားသော ပန်ဒါဖြူသည် ၎င်း၏ မိခင် ဖြစ်သူ နှင့် မွေးချင်းပန်ဒါဖြစ်ဟန်တူသော ပန်ဒါအမ နှင့် ၎င်း၏ပန်ဒါသားပေါက်အနီးသို့ ချဉ်းကပ်လာခဲ့သည်ကို တွေ့မြင်နိုင်ပါသည်။ (Xinhua)...
ဟူစတန် ၊ မေ ၃၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မြောက်ပိုင်းတွင် မီးပုံးရေမျှောပွဲတော်အား မေ ၂၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုချွမ်၊ မေ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာကာသစခန်းပေါင်းစည်းမှုအတွက် အချိန် ၅ လကြာမစ်ရှင်တစ်ရပ် ထမ်းဆောင်ရန် အာကာသယာဉ်မှူး ၃ ဦးပါဝင်သော ရှန်ကျိုး-၁၆ (Shenzhou-16) လူတင်အာကာသယာဉ်ကို မေ ၂၉ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။
ကျိုချွမ်၊ မေ ၃၀ ရက် (ဆင်ဟွာ) Shenzhou-16 လူလိုက်ပါသော အာကာသခရီးစဉ်၏ တရုတ်အာကာသယာဉ်မှူး ၃ ဦးကို လိုက်ပါပို့ဆောင်ခြင်း ဂုဏ်ပြုအခမ်းအနားကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ မေ ၃၀ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ်အေဂျင်စီ(CMSA)ထံမှ သိရသည်။
ယူနန် ၊ မေ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဟုန်ဟယ် ဟားနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ လိပ်ပြာတောင်ကြားတွင် ပိုးရုပ်ဖုံး အခွံမာများမှ လိပ်ပြာအကောင်ရေ သန်းနှင့်ချီ ပေါ်ထွက်လာခဲ့သည့် အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။