Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် လျှပ်စီး/မိုးခြိမ်းသံများဖြင့် မြို့နယ်တချို့တွင် မိုးဖွဲဖွဲ ရွာသွန်း

ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် မေလ(၅)ရက် ညနေ ၆နာရီဝန်းကျင်ခန့်တွင် လျှပ်စီး ၊ မိုးခြိမ်းသံများဖြင့် မြို့နယ်တချို့တွင် မိုးအနည်းငယ် ရွာသွန်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေ ၅ ရက် ည ၇ နာရီ မိုးလေဝသသတင်းတွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း ၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း ၊ မြန်မာနိုင်ငံပေါ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ချင်းပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက် ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွှေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း ၊ မိုးထစ်ချုန်းခြင်း ၊ မိုးကြိုးပစ်ခြင်း ၊ လျှပ်စစ်လျှပ်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ကြေညာခဲ့သည်။ (Xinhua)