ကျဲ့ကျန်း၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ jiaxing မြို့ရှိ ရောဂါထိန်းချုပ်ရေးလုပ်ဆောင်နေသည့်Zhejiang ဟိုတယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ရန် သီးသန့်နေရာတစ်ခု၌ စက်ရုပ် အသုံးပြုကာဝန်ဆောင်မှုပေး လျှက်ရှိကြောင်းသိရသည်။ Xiaomi ဟုအမည်ပေးထားသည့် ၎င်းစက်ရုပ်သည်တစ်မိနစ်အတွင်း ပစ္စည်းများကိုသယ်ယူပို့ဆောင်ပေးနိုင်သည်။ Xiaomi စက်ရုပ်ကို ယခင်က သက်ကြီးရွယ်အိုများအား စောင့်ရှောက်ရန် ဒီဇိုင်းထုတ်တီထွင်ထားခြင်းဖြစ်ပြီး...
ဝူဟန့်၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းဟူပေပြည်နယ် မြို့တော် ဝူဟန့် သည် နိုဗယ် ကိုရိုနာဗိုင်းရပ် ကူးစက်မှု ဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် မြို့တစ်မြို့ဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုထိန်းချုပ်ရန် တစ်နိုင်ငံလုံး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းပုံရိပ်များဖြစ်ပါသည်။ (Xinhua)
ဝူဟန့်၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) ဝူဟန့်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ် ကုသရန် ဆေးရုံတွင် တာဝန်ကျနေသည့် အမျိုးသမီးဆရာဝန် တစ်ဦးက ၎င်း၏ ကလေးငယ် ကို ဗီဒီယို မှ တစ်ဆင့် မျက်ရည်များဖြင့် တွေ့ဆုံနှုတ်ဆက်နေသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ပေကျင်း၊ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် (2019-nCoV)ကူးစက်ခံရမှု ရှိမရှိကို စမ်းသပ်နိုင်သည့်ပစ္စည်းအား တရုတ်နိုင်ငံ အမျိုးသားဆေးဝါးပစ္စည်းကွပ်ကဲရေးဦးစီးဌာန (NMPA) ၏ အသိအမှတ်ပြုပစ္စည်းအဖြစ် ထုတ်ပြန်လိုက်သည်။ထိုပစ္စည်းကို ချန်းရှ အခြေစိုက် ဇီဝနည်းပညာ ကုမ္ပဏီတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၃၀ အတွင်း ရလဒ်ကို သိရှိနိုင်မည် ဖြစ်သည်။...
ဟူပေ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှိ ကုကျောက် အဝေးပြေးလမ်းမှာ ၁၀ကီလိုမီတာမက ရှည်လျားပြီး ထိုအဝေးပြေးလမ်းပိုင်း၏ ၄ ကီလိုမီတာခန့်မှာ မြစ်ပေါ်တွင် တည်ဆောက်ထားသည်။ မြစ်ကြောင်းတစ်လျှောက် အဝေးပြေးလမ်းပေါ်မှ သွားလာရသည့်ရှုခင်းမှာ အင်မတန်လှပသောကြောင့် ဝေဟင်မြင်ကွင်းအား ဆင်ဟွာသတင်းဌာနမှ သွားရောက်ရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua)
ကွမ်ကျိုး၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် စက်ရုပ်စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ထားရာ မီးဖိုချောင် ချက်ပြုတ်ကြော်လှော် စားပွဲထိုး စသည့် တစ်ဆိုင်လုံးနီးပါး အလိုအလျောက်စနစ်သုံး စက်ရုပ်များဖြင့်သာ တည်ခင်းဧည့်ခံသောကြောင့်စားသုံးသူများအလွန် စိတ်ဝင်တစ်စားလာရောက်စားသုံးကြကြောင်းသိရသည်။ စားသောက်ဆိုင်တွင်လာရောက်စားသုံးသူများက အစားအသောက်များကိုtablet များမှ တစ်ဆင့် အော်ဒါမှာယူရပြီးနောက် စက်ရုပ်အမျိုးအစားပေါင်း ၄၆ မျိုးက ချက်ပြုတ်ပို့ဆောင်ပေးခြင်းဖြစ်သည်။ယခု video...
ကွမ်ရှီး၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်ရှိ ကျွမ်းကျင်လက်သမားတစ်ဦးက သစ်သား လက်ပ်တော့နှင့် သစ်သားလွယ်အိတ်တို့ကို ချစ်လှစွာသော မြေးဖြစ်သူအတွက် အနုစိတ်ပြုလုပ်ဖန်တီး ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)
ရှန်တုံ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှန်တုံပြည်နယ် ဝေ့ဖန်မြို့တွင် တရုတ်နှစ်သစ်ကူးပွဲကို ကြိုဆိုသည့်အထိမ်းအမှတ်အဖြစ် drone အစင်းပေါင်း ၅၀၀ ကျော်ကို ညအချိန်ကောင်းကင်း၌လွှတ်တင်ကာ စာလုံးများအပြင် အလှပုံရိပ်အမျိုးမျိုး ကိုလည်း ရောင်စုံလှပစွာပုံဖော်ခဲ့သည်။(Xinhua)
နယူးယောက်၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူးအခါသမယအတွက် အကြို ဆုတောင်းစကားပြောကြားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။(Xinhua)
ရန်ကုန် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) “VR နည်းပညာဖြင့် သာယာလှပသော တရုတ်ပြည် ခရီးသွား ရသ ခံစားမှုပြပွဲ” ဖွင့်ပွဲ အခမ်းအနား အား ဇန်နဝါရီ ၂၂ ရက် တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌...