Connect with us

Media

တရုတ်-အီဂျစ် ရိုးရာဂီတပညာရှင်များက ပိရမစ်များရှေ့တွင် ဖျော်ဖြေတင်ဆက်မှုက ပရိသတ်များကို အံအားသင့်ဖွယ်ဖြစ်စေ

ကိုင်ရို၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ဂီဇာမြို့၌ လေပြေလေးတိုက်ခတ်နေသော ဧပြီ ၃ ရက် ညပိုင်းတွင် တရုတ်-အီဂျစ် နှစ်နိုင်ငံ၏အနုပညာရှင်များက မဟာပိရမစ်များနှင့် ခြင်္သေ့ခန္ဓာကိုယ်လူမျက်နှာ စဖင့်ရုပ်တု အရှေ့တွင် ရိုးရာဂီတဖျော်ဖြေပွဲကျင်းပခဲ့ရာ သာယာနာပျော်ဖွယ်ကောင်းသော ဂီတသံစဉ်များက ရာနှင့်ချီသော ပရိသတ်များကို စွဲမက်စေခဲ့သည်။

တရုတ်-အီဂျစ် ရိုးရာဂီတပွဲတွင် “တရုတ်-အီဂျစ် ချစ်ကြည်ရေးက နိုင်းမြစ်ပမာ ရှေ့သို့ဆက်လက် စီးဆင်းနေမည် ”ဟူသော စာတန်းကို ချိတ်ဆွဲပြီး ဧည့်ပရိသတ်များကို ကြိုဆိုခဲ့သည်။ အဆိုပါ ဂီတပွဲကို တရုတ်ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ၊ အီဂျစ် ခရီးသွားနှင့်ယဉ်ကျေးမှုအမွေအနှစ်ရေးရာ ဝန်ကြီးဌာန ၊ အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးတို့အတူ ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ဂီတဖျော်ဖြေပွဲအခမ်းအနားသို့ တရုတ်ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီး ဟူဟယ်ဖိန်၊ အီဂျစ် ယဉ်ကျေးမှုဝန်ကြီး Neveen Al-Kilany၊ အီဂျစ် ခရီးသွားနှင့်ယဉ်ကျေးမှုအမွေအနှစ်ရေးရာ ဝန်ကြီးဌာန Ahmed Issa၊ အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး လျောက်လိချန် တို့အပါအဝင် နှစ်နိုင်ငံမှ လူပုဂ္ဂိုလ် ၆၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………………

(English Version)

Chinese, Egyptian folk musicians wow audience in front of Pyramids
CAIRO, April 4 (Xinhua) — On a breezy Monday night in Egypt’s Giza, artists from China and Egypt staged a folk music concert against the backdrop of the Grand Pyramids and Sphinx lit-up in silver, enchanting hundreds of audiences with beautiful melodies.

Banners reading “let the China-Egypt friendship flow forward like the Nile River” were seen at the venue of the China-Egypt folk concert, welcoming guests to such a unique show co-sponsored by the Chinese Ministry of Culture and Tourism, the Egyptian Ministry of Tourism and Antiquities, and the Chinese Embassy in Egypt.

The event was attended by Chinese Minister of Culture and Tourism Hu Heping, Egyptian Minister of Culture Neveen Al-Kilany, Egyptian Minister of Tourism and Antiquities Ahmed Issa, Chinese Ambassador to Egypt Liao Liqiang, and some other 600 people from both countries.

Xinhua News Agency correspondents reporting from Cairo.
(XHTV)