ဖျာပုံ၊ မတ် ၂၀ ရက် (ဆင်ဟွာ) မြန်မာ့ရိုးရာ ယဥ်ကျေးမှုဓလေ့ မြန်မာ့သနပ်ခါးလိမ်းပြိုင်ပွဲ ဖျာပုံခရိုင်အဆင့် ပြိုင်ပွဲကို ဖျာပုံမြို့ အ.ထ.က (၁) ရာပြည့်ခန်းမ၌ မတ် ၁၉ ရက်က ကျင်းပခဲ့သည်။ “မြန်မာ့ရိုးရာ သနပ်ခါးယဥ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်အဖြစ် နိုင်ငံရဲ့ ကိုယ်စားပြုစာရင်းသွင်းတင်ပြတဲ့အခါမှာ အထောက်အကူပြုစေဖို့...
မော်စကို၊ မတ် ၂၀ ရက် (ဆင်ဟွာ) အနောက်နိုင်ငံများက ရုရှားအပေါ် လုပ်ဆောင်သော အရေးယူပိတ်ဆို့မှုများသည် ယာယီသဘော အစီအမံများမဟုတ်ဘဲ ယင်းတို့ဖြင့် ရုရှားအပေါ် ဗျူဟာမြောက် ဖိအားပေးရန်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။ အနောက်နိုင်ငံများ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် “ယာယီသဘော သို့မဟုတ်...
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းတွင် အပူချိန်များ မြင့်တက်လာခြင်းကြောင့် ကျန်းမာရေး၀န်ကြီးဌာနက ပြည်သူများအတွက် ကြိုတင်ကာကွယ်ရေးနှင့် ဘေးကင်းရေး လမ်းညွှန်ချက်များ ထုတ်ပြန်လိုက်ကြောင်း သိရသည်။ အဆိုပါ အပူချိန်မြင့်တက်လာမှုကြောင့် ပြည်သူများအနေဖြင့် အရိပ်ရ၍ အေးမြသောနေရာများတွင် နေထိုင်ရန်၊ မိမိအသားကို နေရောင်နှင့်တိုက်ရိုက် မထိတွေ့စေရန် လက်၊ လည်ပင်းနှင့်...
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် လက်ရှိ ပါလက်စတိုင်း-အစ္စရေးအခြေအနေအား အထူး ဂရုပြုလျက်ရှိကြောင်း၊ ဘက်အသီးသီးအနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စဉ်ဆက်မပြတ်ထိရောက်စွာ ဖော်ဆောင်မှုအား လက်တွေ့ကျကျတွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။ အစ္စရေးက ထိုနေ့နံနက်ပိုင်းတွင်...
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ၂၀၂၅ ဆီးဂိမ်းစ်နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှ ခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ -၂၂ အသင်း၏ ပထမဆုံး နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် ဟောင်ကောင် (တရုတ်) ယူ -၂၂ အသင်းနှင့် မတ်...
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယခုနှစ် ပထမနှစ်လအတွင်း ယာဉ်မတော်တဆမှု ၂၆ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၁၁ ဦး သေဆုံးကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ ယခင်နှစ် အလားတူကာလကလည်း...
တရုတ်ဓာတ်သတ္တုတူးဖော်ရေးနှင့် နည်းပညာတက္ကသိုလ်က တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသတွင်း ဓာတ်သတ္တုတူးဖော်ရေးစက်ရုပ်အား မိတ်ဆက်ပြသခဲ့သည်။ အင်းဆက်ပိုးများ၏ လှုပ်ရှားသွားလာပုံကို စိတ်ကူးစိတ်သန်းယူ၍ ဖန်တီးထားသည့် ခြေထောက်ခြောက်ချောင်းပါသော ယင်းစက်ရုပ်အား အလွန်အားပျော့သော ဒြပ်ဆွဲအား အဟန့်အတားများကို ကျော်လွှားနိုင်ရန် ဒီဇိုင်းဖန်တီးထားခြင်းဖြစ်ကာ အနာဂတ်ကာလတွင် နဂါးငွေ့တန်းကြယ်စုရှိ ကြယ်များကြား ဓာတ်သတ္တုတူးဖော်မှုများအတွက် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua) ………………....
ကျန်းကျိုး၊ မတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်တွင် ယခုဆိုလျှင် ခေတ်ရှေ့ပြေး မီးပုံးပုံသဏ္ဌာန် ဒရုန်းဗဟိုချက်နေရာ ၃၆ ခု လည်ပတ်ဆောင်ရွက်နေပြီဖြစ်သည်။ အဆိုပါ ခေတ်မီဗဟိုချက်နေရာများက ဒရုန်းများကို လူသားများ၏ ထိန်းချုပ်ဆောင်ရွက်မှုမပါဘဲ ပျံသန်းနိုင်စေမည်ဖြစ်သည်။ ထိုဒရုန်းများသည် ၅၂ စက္ကန့်အတွင်း လျင်မြန်စွာ အလိုအလျောက် ဘတ်ထရီလဲလှယ်ပြီးနောက်...
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် “ကျောင်းထုံးမြို့” တွင် ရှားရှားပါးပါး နွေဦးရာသီ နှင်းကျမှုကြောင့် နှင်းပွင့်များနှင့် နွေဦးရာသီ၌ ပွင့်လန်းသော ချယ်ရီပန်းများ တွေ့ဆုံခဲ့ရာ ရှုခင်းမှာ ဒဏ္ဍာရီအိပ်မက်အလား လှပနေပါသည်။ (Xinhua) …………………………………….. (Chinese Version) 当樱花与雪花在春天里相遇 这一刻如梦如幻 简介:近日,云南省昭通市迎来降雪天气。纷飞的雪花与春日里盛开的樱花在这一刻相遇,美得如梦如幻。