ကျိုက်မရော၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဇူလိုင် ၂၃ ရက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး အတ္တရံမြစ်ရေ မြင့်တက်လာသဖြင့် ကမ်းနားလမ်းနှင့် ရှင်စောပုရပ်ကွက်အတွင်းရှိ အနိမ့်ပိုင်းနေရာများရှိ အိမ်များအတွင်းသို့ ရေများဝင်ရောက်နေကြောင်းသိရသည်။ အဆိုပါ ရေများစတင်ဝင်ရောက်နေသော နေရာများရှိ နေအိမ်များ၌ ပစ္စည်းများကို အခြားမြင့်ရာနေရာများနှင့်...
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး ငါးရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဇူလိုင် ၂၅ ရက်တွင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ကြီးမှူးကျင်းပသော အဆိုပါဆွေးနွေးပွဲတွင် တရုတ်သံရုံးယာယီတာဝန်ခံ...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဝါတွင်းကာလ (ဝါဆိုလပြည့်) မတိုင်မီ ငှက်ပျောရာသီချိန်မှာ အရောင်းအဝယ်သွက်ခဲ့တဲ့ ငှက်ပျောသီးဈေးကွက်ဟာ လက်ရှိမှာ အရောင်းအဝယ်အေးလျက်ရှိတယ်လို့ ဗားကရာဆိပ်ကမ်း ငှက်ပျောပွဲရုံတန်းမှ ငှက်ပျောပွဲစား ကိုကျော်နိုင်က ဆင်ဟွာကိုပြောပါတယ်။ ဖီးကြမ်းငှက်ပျောက မြန်မာနိုင်ငံအလယ်ပိုင်း ကျောက်ဆည်ဘက်က အဝင်များသလို သီးမွှေးငှက်ပျောနဲ့ အခြားအသီးတွေကတော့ ဧရာဝတီတိုင်းဒေသကြီးဘက်က အဝင်များတယ်လို့...
ရှီးဇန့်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မကြာသေးမီက တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ချန်းတူးမြို့ လိမ့်ဝူးချီခရိုင်တွင် ကျုံးချွဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ခရီးသွားမြှင့်တင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်။ ထိုကာလအတွင်း ဖျော်ဖြေတင်ဆက်သူ ၄,၀၀၀ ကျော်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရှိသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သည့် ” လျင်းကျော အက...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဒလမြို့နယ်နေပြည်သူများ မိုးတွင်းကာလ စက်တပ်သမ္ဗန်များဖြင့် မြစ်ကိုဖြတ်ကာ ရန်ကုန်ဘက်သို့ လာရောက်လုပ်ကိုင်ကြသည့် မြင်ကွင်းကို ဇူလိုင် ၂၆ ရက်က ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)
ဟော့အယ်ကောစစ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသ ဟော့အယ်ကောစစ်မြို့မှ လူသုံးကုန်များ တင်ဆောင်ထား သည့် စာတိုက်ထရပ်ကားသုံးစီး ကာဇက်စတန်နိုင်ငံသို့ ဦးတည်ထွက်ခွာသွားခဲ့ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အောက်တွင် နှစ်နိုင်ငံအကြား တိုက်ရိုက်စာတိုက်ဝန်ဆောင်မှုလိုင်း စတင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua) ………………………… (English...
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) “တရုတ်နိုင်ငံရဲ့ နည်းပညာက ကမ္ဘာကြီးအတွက် ရှေးဟောင်းသုတေသနနေရာတွေ ရှင်းပြဖို့ ကူညီပေး နေပါတယ်” ဟု အီတလီနှင့် နိုင်ငံရပ်ခြားတွင် သမိုင်း-အနုပညာ အမွေအနှစ်များ မြှင့်တင်ရန် ရည်မှန်း ဆောင်ရွက်နေသည့် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုလုပ်ငန်း Civita Mostre e Musei...
ကံမ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာများ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်မြင်ကွင်းကို ဇူလိုင် ၂၃ ရက်က ရိုက်ကူးထားသည့် ရုပ်သံဖိုင်အား ဖော်ပြအပ်ပါသည်။ (Xinhua)
ဗီယင်ကျန်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းရှိ Khamsavath ရထားဘူတာရုံနှင့် ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရှိ Krung Thep Aphiwat Central ဘူတာရုံတို့အကြား ပြေးဆွဲသည့် လာအို-ထိုင်း နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထား တရားဝင်စတင်ပြေးဆွဲခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua) ………………………… (English Version)...
ကွေ့ကျိုး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ထုန်ရန်မြို့ National Mine ဥယျာဉ်ရှိ မိုးပျံမှန်တံတားသို့ ခရီးသွားအများအပြား လာရောက်လည်ပတ်လျက် ရှိသည်။ ၁,၀၀၅ မီတာရှည်လျားပြီး ၁.၆ မီတာ ကျယ်ဝန်းသော မိုးပျံမှန်တံတားသည် ချိုင့်ဝှမ်းအောက်ခြေအထက်မှ မီတာ ၁၀၀ ကျော်တွင်...