၅ နှစ်တာ တည်ဆောက်ခဲ့တဲ့ တရုတ်-မြန်မာ ရေနံပိုက်လိုင်း စီမံကိန်းရဲ့ အရေးကြီး အပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ် မဒေးကျွန်း ရေနံတင် ဆိပ်ကမ်းကို ဇန်နဝါရီ ၃၀ ရက်နေ့က ဖွင့်လှစ်လိုက်ပြီး တန်ချိန်သုံးသိန်း အဆင့်ရှိ ရေနံတင် သင်္ဘောပေါ်က ရေနံတွေကို သိုလှောင်ကန်ထဲကို ပထမဆုံးထည့် လွှတ်လိုက်ပါတယ်။
၂၀၁၆ ကနေ နောင်လာမည့် (၁၀) နှစ်အတွင်း အကောင်အထည်ဖော်ဖို့ ရေးဆွဲထားတဲ့ အာဆီယံ ခရီးသွားလုပ်ငန်းဆိုင်ရာ မဟာဗျူဟာကျတဲ့ စီမံချက်အသစ်အရ အရည်အသွေး ပြည့်မီတဲ့ ခရီးသွားလာရေးဒေသ ဖြစ်ဖို့အတွက် ကြိုးပမ်းအားထုတ်ကြဖို့ အာဆီယံ ခရီးသွားလုပ်ငန်း ဝန်ကြီးတွေက ဇန်နဝါရီ ၂၆ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
၂၀၁၄ ခုနှစ်အတွင်း မြန်မာပြည်ရဲ့ နိုင်ငံခြား ကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ဘီလီယံ (၂၀) ကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၀% လောက် တိုးလာတယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူက ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဆင်ဟွာ သတင်းဌာနကို...
ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တို့ဟာ ပညာရေး နှီးနှောဖလှယ်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းစေဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံ ပေကျင်း နိုင်ငံခြားဘာသာ တက္ကသိုလ် (BFSU) နဲ့ ဇန်နဝါရီ ၁၄ရက်နေ့က နားလည်မှုစာချွန်လွှာ (MOU) ရေးထိုး လိုက်ပါတယ်။
မြန်မာ သမ္မတ ဦးသိန်းစိန် ဦးဆောင်ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားရေးရာ ခေါင်းဆောင် (၄၈) ဦးပါဝင်တဲ့ နိုင်ငံရေးထိပ်သီး ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၅၀) ကျော် အတွင်း ပထမဆုံး ပြန်လည်ကျင်းပသော ဗိုလ်ရှုခံ အခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာပြည်မှာကျင်းပတဲ့ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်များရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်ဟာ သောကြာနေ့ ညနေပိုင်း မှာ ပေကျင်းမြို့ကို ပြန်လည်ရောက်ရှိ လာပါတယ်။
တရုတ်နိုင်ငံဟာ အရှေ့အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရုံသာမက အချင်း ချင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြန်မာပြည်ကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်က ပြောဆိုလိုက်ပါတယ်။ အရှေ့အာရှနိုင်ငံတွေ အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့၊ ဒေသ ဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှုကို တွန်းအားပေး...
အာဆီယံနဲ့ တရုတ်နိုင်ငံကြား ACFTA လို့ခေါ်တဲ့ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ မြှင့်တင်ဆောင်ရွက်ခြင်း လုပ်ငန်းကို ညှိနှိုင်းဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။Aug 28, 2014 CNCNEWS ASEAN, China upgrade FTA talks
လေးရက်ကြာကျင်းပတဲ့ အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေး (AEM) မှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က ဒေသဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှုအတွက် စုပေါင်းကြိုးပမ်း အားထုတ်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။