Videos
တရုတ်နိုင်ငံ၏လူလွတ်များနေ့ (Singles’ Day)တွင် စံချိန်တင်ရောင်းချရမှုများရှိ
ရှန်ဟိုင်း ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် အများပြည်သူ အားလပ်ရက်အဖြစ်သတ်မှတ်သည့် လူလွတ်များနေ့ (Singles’ Day) ကို နှစ်စဉ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။ လူလွတ်များနေ့ အားလပ်ရက်ကို တနည်းအားဖြင့် ဈေးဝယ်ယူသည့်နေ့အဖြစ်လည်းသတ်မှတ်ကြရာ ထိုနေ့တွင် စံချိန်တင်ရောင်းချရမှုများရှိခဲ့သည်။
တရုတ်နိုင်ငံရှိ အင်တာနက်အွန်လိုင်းပေါ်မှရောင်းချသော T Mall မှ တစ်ဆင့် နိုဝင်ဘာလ ၁၁ ရက်နေ့ထဲအတွက် ဒေါ်လာ ၁.၄၄ ဘီလီယံ ဖိုးရောင်းချခဲ့ရသည်။
နိုင်ငံခြားကုမ္ပဏီများမှထုတ်ကုန်ပေါင်း ၁၉ဝဝဝ ကျော်ကလည်း ဈေးလျှော့ရောင်းခြင်းများပြုလုပ်ခဲ့ကြပြီး အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် ဖူရှင်း အမြန်ရထားများမှ တစ်ဆင့် ကုန်ပစ္စည်းများကို ပို့ဆောင်မှုများလည်းပြုလုပ်နိုင်ခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်း ရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော အလီဘာဘာ(Alibaba)က လည်း အွန်လိုင်းဈေးရောင်းပွဲတော် ကျင်းပခဲ့ရာ နိုဝင်ဘာလ ၁၁ ရက်နေ့ ၁ရက်တည်းမှာပင် တရုတ်ယွမ်ငွေ ၂၁၃.၅ ဘီလီယံ( အမေရိကန်ဒေါ်လာ ၃၀.၇ ဘီလီယံ) ဖိုး ကုန်ပစ္စည်းများကိုစံချိန်တင် ရောင်းချခဲ့ရကြောင်းသိရသည်။
အဆိုပါ လူလွတ်များနေ့ (Singles’ Day) ကို တရုတ်နိုင်ငံ၌ အထူးသဖြင့် လူငယ်များအကြား အထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ကြပြီး မင်္ဂလာပွဲများ၊ အမှတ်တရနေ့များကျင်းပခြင်းများပြုလုပ်ကြသည့် အပြင် အကြီးဆုံးဈေးဝယ်နေ့အဖြစ်သတ်မှတ်ပြီး လူကိုယ်တိုင်လိုက်လံဝယ်ယူမှှုများနှင့် အွန်လိုင်းမှ တစ်ဆင့်ဈေးဝယ်ယူမှုများအထူးပြုလုပ်သည့်နေ့အဖြစ်သတ်မှတ်ကာနှစ်စဉ်ကျင်းပခဲ့ကြသည်။ (Xinhua)