Videos
အီဂျစ်နိုင်ငံ က Sphinx ရုပ်တုပုံစံတူ တရုတ်နိုင်ငံတွင် တည်ဆောက်
လန်ကျိုး၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ က Sphinx ရုပ်တုပုံစံတူ ကို တရုတ်နိုင်ငံ လန်ကျိုးတွင် တည်ဆောက် ခဲ့ကြောင်းသိရသည်။ မြို့တော်၏ ခရီးသွားလုပ်ငန်းတိုးတက်စေရန် နှင့် ယဉ်ကျေးမှုဥယျာဉ် အစိတ်အပိုင်းတစ်ခုအဖြစ် ယခုကဲ့သို့ တည်ဆောက်ခြင်းဖြစ်သည်။
Sphinx ရုပ်တုပုံစံတူတည်ဆောက် ထားရာ ဥယျာဉ်၏ အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၂.၆ သန်း ခန့် ရှိပြီး ရုပ်ရှင်လုပ်ငန်း၊ animation လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းတိုးတက်စေရန် စသည့် ရည်ရွယ်ချက်များ အတွက် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး ထိုအထဲတွင် Sphinx ရုပ်တုပုံစံတူလည်း တစ်ခု အပါအဝင်ဖြစ်ခဲ့သည်။
စီမံကိန်းမန်နေဂျာ က ပြောကြားရာတွင် အငြင်းပွားမှုများကို ရှောင်ရှားနိုင်ရန်အတွက် Sphinx ရုပ်တုပုံစံတူ တည်ဆောက် သည့်နေရာတွင် ရုပ်တု၏ မျက်နှာနှင့် ကိုယ်ထည်ပုံစံကို ပြောင်းလဲ ထားကြောင်းဆိုသည်။ (Xinhua)