Connect with us

Videos

တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ် မြန်မာနိုင်ငံသို့လာရောက်မည်

ရန်ကုန် ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ ချစ်ကြည် ရင်းနှီးမှု တိုးပွားစေရေး အတွက် တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ်သည် မြန်မာနိုင်ငံသို့အောက်တိုဘာလတွင် ဝင်ရောက် လာမည် ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ်သည်
မြန်မာနိုင်ငံသို့ မူဆယ် နယ်စပ်ဂိတ်မှ ဝင်ရောက်လာမည် ဖြစ်ပြီး မူဆယ် ၊ ဗန်းမော် ၊ မန္တလေး ၊ ပုဂံ ၊ နေပြည်တော် ၊ ရန်ကုန် ၊ ပဲခူး ၊ အင်းလေး သို့သွားရောက်ပြီး ပျဉ်းမနားမှ တဆင့် တရုတ်ပြည်ဘက်သို့ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး အချိန် အားဖြင့် ၁၉ ရက် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ထိုမော်တော်ယာဉ်တန်း ခရီးစဉ် အတွင်း ကျန်းမာရေး အခမဲ့ ဆေးကုသခြင်းများ ၊ ဆင်းရဲနွမ်းပါးသည့် ဒေသများသို့လှူဒါန်းခြင်း ၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်း ၊ ဘုန်းတော်ကြီးသင် ပရဟိတ မိဘမဲ့ ကျောင်းများနှင့် အတူ ဆင်းရဲနွမ်းပါးသည့် ကျောင်းများသို့ကူညီမှုများ ၊ အားကစား နှီးနှော ဖလှယ်ခြင်း အဖြစ် နှစ်နိုင်ငံ ချစ်ကြည်ရေး လက်ဝှေ့ပွဲများ ၊ ချစ်ကြည်ရေး ဘောလုံး/ဘောလီဘော ပြိုင်ပွဲများ ၊ အနုပညာ ပြပွဲများ အဖြစ် ချစ်ကြည်ရေး ပဒေသာ ကပွဲ ၊ ပန်းချီပြပွဲများ ကျင်းပ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ယခုအခါတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး မော်တော်ယာဉ်တန်း ခရီးစဉ်သည် တရုတ်နိုင်ငံမှ စတင် ထွက်ခွာနေပြီး မြန်မာနိုင်ငံသို့အောက်တိုဘာ ၁ ရက် နောက်ပိုင်းတွင် ဝင်ရောက်လာမည်ဟု မျှော်မှန်း ထားကြောင်း ခရီးစဉ် အကြို လမ်းစစ်ဆေးခြင်း စတင်ခြင်း အခမ်းအနားကို ယနေ့ဇွန် ၁၁ ရက်တွင် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှု ဌာန၌ အခမ်း အနား တစ်ရပ်အား ကျင်းပ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.