Videos
“super” bridge ကြိုးတံတား ပင်မယက်တိုင်များ တပ်ဆင်ပြီးစီး
ကွမ်ရှီး၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်ပိုင်း နှင့် အရှေ့တောင်အာရှ နိုင်ငံများကို ဆက်သွယ်ဖောက်လုပ်မည့် ကီလိုမီတာ ၂၂၈ဝ ရှိ လမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် super bridge ကြိုးတံတား၏ ပင်မယက်တိုင်များ တပ်ဆင်ပြီးစီး သွားပြီဖြစ်သည်။ အဆိုပါ ကြိုးတံတားမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှိ ကွမ်ရှီးနှင့် ကွေ့ကျိုး ပြည်နယ် ၂ ခုတို့ကို ဆက်သွယ်ထားပြီး Hongshuihe မြစ် ကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတားလည်းဖြစ်သည်။ တံတားမှာ ၉၅၆ မီတာအရှည်ရှိပြီး ဆိုင်းထားသည့် ကြိုးများ၏အမြင့်ဆုံးအရှည်မှာ ၅ဝ၈ မီတာ ရှိသည်။ (Xinhua)