Connect with us

Videos

Let’s go to China တရုတ်နိုင်ငံတွင် သွားရောက်ရိုက်ကူးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

Let’s go to China အစီအစဉ် အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ

တရုတ်နိုင်ငံ

ရှန်ဟိုင်း၊ ဟန်ကျိုး ၊ဆူးကျိုး ၊ရန်ကျိုး စသည့်မြို့လေးမြို့တွင်

သွားရောက်ရိုက်ကူးမည်ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလမှ စတင်၍ mntv ရုပ်သံလိုင်း နှင့် Channel 9 ရုပ်သံလိုင်းတို့တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင်Travel in China ဆိုသည့် အစီအစဉ် ကိုလည်း ဆက်လက်ရိုက်ကူးမည်ဟု

Myanmar Media7 မှ ကိုဝေမင်းမောင်က ဆင်ဟွာကို ပြောသည်။

တရုတ်နိုင်ငံသည် အာရှတွင်သာမက ကမ္ဘာမှာ ပါ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံ ဖြစ်သည့် အတွက် ထိုသို့ရိုက်ကူးရန်

ရွေးချယ်ရခြင်း ဖြစ်ကြောင်း၊ တရုတ်သံရုံးအနေဖြင့်လည်း ဗီဇာ ကိစ္စနှင့် ခရီးသွား လာရန်ကိစ္စအား ကူညီမှုများ ပြုလုပ်ပေးကြောင်း သိရသည်။

Let’s go to China အစီအစဉ် တွင်

လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ ၊ နန်းမြတ်ဖြိုးသင်း ၊ နန်းသူဇာ၊ Bobby Soxer နှင့် ဧည့်သည်သရုပ်ဆောင်များဖြစ်သော အလင်းရောင်၊ ခင်ဝင့်ဝါ၊ဝိုင်းလေးတို့ ပါဝင်မည်ဖြစ်ပြီး Travel in China အစီအစဉ်တွင် မင်းသွေး ၊ဝိုင်းလေး ၊ ခင်လေးနွယ် ၊ခင်ဝင့်ဝါ တို့နှင့် ရိုက်ကူးသွားမည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.