Videos
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း Tarim ချိုင့်ဝန်း သဘာဝဓါတ်ငွေ့လုပ်ကွက် မှ သဘာဝဓါတ်ငွေ့များစံချိန်တင်ထွက်ရှိ
ရှင်းကျန်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ်/စုဝင့်
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Tarim ချိုင့်ဝန်း သဘာဝဓါတ်ငွေ့လုပ်ကွက် မှ နေ့စဉ်သဘာဝ ဓါတ်ငွေ့တန်ချိန် ကုဗ မီတာပေါင်း သန်း ၉၀ ကျော် စံချိန်တင်ထွက်ရှိကြောင်း သိရသည်။
Tarim ရေနံ နှင့် သဘာဝဓါတ်ငွေ့ လုပ်ကွက် သည် တရုတ် နိုင်ငံ အနောက်မှ အရှေ့သို့ဆက်သွယ်ထားသည့် ၄ထောင်ကီလိုမီတာအရှည်ရှိသည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း၏ အဓိက အားထားရာတစ်ခုဖြစ်ပြီး ရှင်းကျန်းဒေသတောင်ပိုင်းအတွက် စွမ်းအင်များ ရရှိစေသည့် အရင်းအမြစ်လည်းဖြစ်သည်။
တရုတ်နိုင်ငံတွင် ဆောင်းရာသီဝင်ရောက်လာကတည်းက သဘာဝဓါတ်ငွေ့ အသုံးပြုမှုနှုန်းမှာတဟုန်ထိုး မြင့်တက်လာခဲ့သည်။
Kela-Keshen ဓါတ်ငွေ့လုပ်ကွက်တွင် ဓါတ်ငွေ့တွင်းပေါင်း ၁၅ တွင်းတိုးမြှင့်ထုတ်လုပ်လျက်ရှိပြီး နေ့စဉ် သုံးစွဲမှု ကုဗမီတာပေါင်း ၄.၅ သန်း ထိ ထွက်ရှိသည်။
Kela-Keshen ဓါတ်ငွေ့လုပ်ကွက် သည် Tarim ချိုင့်ဝန်းအတွင်း သဘာဝဓါတ်ငွေ့ ကုဗမီတာ ထရီလီယံနှင့်ချီကာထွက်ရှိသည့် ပထမဆုံး ဓါတ်ငွေ့လုပ်ကွက်ဖြစ်သည်။ (Xinhua)