Connect with us

Videos

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က COVID-19 ကာကွယ်ဆေးထိုးနှံမည်ဟုပြောကြား (ရုပ်သံ)

ကုလသမဂ္ဂ၊ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ်၊ ရုပ်သံတည်းဖြတ်/စုဝင့်

 ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ၎င်းအတွက် ကာကွယ်ဆေးရရှိလာမည့်ချိန်တွင် အများပြည်သူရှေ့မှောက်၌ COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ခံယူသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ကာကွယ်ဆေးနှင့်ပတ်သက်၍ အများပြည်သူအကြား ဘေးကင်းလုံခြုံမှုရှိသည်ကို ပြသရန် နှင့် ၎င်းကိုယ်တိုင် ကာကွယ်ဆေးထိုးနှံမှုခံယူရန်အစီအစဉ် ရှိ/မရှိ မေးခွန်းအား ပြန်လည်းဖြေကြားရာတွင် ဂူတာရက်စ် က“ ကျွန်တော်လား၊ ထိုးမှာပေါ့ ၊ အဲဒါနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့အခြေအနေမှာ ကျွန်တော့်အတွက် ကာကွယ်ဆေးရလာမယ့်အချိန်ကြရင် ဆေးထိုးနှံမှုကို ခံယူသွားပါ့မယ် ၊ အဲဒီဆေးထိုးနှံမှုကို အများပြည်သူရှေ့မှောက် ထင်သာမြင်သာဖြစ်ဖို့လည်း ကျွန်တော့်အတွက်လုံးဝသံသယမရှိပါဘူး ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဂူတာရက်စ်က လူတိုင်း ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် တိုက်တွန်းပြောကြားခဲ့သည်။

“ ကာကွယ်ဆေးရလာမယ့်အချိန်ကြရင် လူတိုင်းလူတိုင်းကာကွယ်ဆေးထိုးကြဖို့ ကျွန်တော်တိုက်တွန်း အားပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ လုပ်ဆောင်မှုတစ်ခု ဖြစ်ရုံသာမက ကျွန်တော်တို့အတွက် အကျိုးဆောင်ပေးတာလည်းဖြစ်ပါတယ်။ လူတစ်ယောက်ချင်းစီတိုင်းက ကာကွယ်ဆေးထိုးကြမယ်ဆိုရင် လူမှုအသိုက်အဝန်းတစ်ခုလုံးကို အကျိုးဆောင်မှုတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ပိုးဖြန့်သူမရှိတော့ဘူးလေ ၊ ရောဂါပိုး ကူးစက်ပျံ့နှံမယ့်အန္တရာယ်လည်း မရှိတော့ဘူးပေါ့ ” ဟု ကုလသမဂ္ဂ-အာဖရိကသမဂ္ဂ နှစ်ပတ်လည် ကွန်ဖရင့် အစီးအဝေးအပြီး သတင်းထောက်များအား ပြောကြားရာတွင် ဂူတာရက်စ်က ထည့်သွင်းပြောကြားခဲ့သည်။

“ ဒါကြောင့် ကာကွယ်ဆေးထိုးနှံခြင်းဟာ အားလုံးနဲ့ ဆက်ဆံရေးမှာ ကျွန်တော့်အတွက်တော့ ဂုဏ်သိက္ခာဆိုင်ရာ တာဝန်ဝတ္တရားတစ်ခုပဲဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.