Connect with us

Videos

Titanic သင်္ဘော အရွယ်အစားတူ ပုံစံတူသင်္ဘောတစ်စင်း တည်ဆောက်

စီချွမ်၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်သင်္ဘောတည်ဆောက်ရေးအဖွဲ့ Wuchang Shipbuilding Industry Group သည် ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားထင်ရှားခဲ့သော ဇိမ်ခံသင်္ဘောအမျိုးအစားဖြစ်သည့်တိုင်တန်းနစ်သင်္ဘောအတိုင်း အရွယ်အစား တူ ပုံစံတူ သင်္ဘောတစ်စင်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းစီချွမ်ပြည်နယ်တွင် တည်ဆောက်လျက်ရှိသည်။

အဆိုပါတိုင်တန်းနစ်သင်္ဘောသစ်ကြီးအား ကမ္ဘာလှည့် ခရီးသည်များအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် စီချွမ်ပြည်နယ် တာ့ရင်စီရင်စုရှိ ရေလှောင်တမံအတွင်း ကျောက်ချ ရပ်နားထားမည်ဟုသိရသည်။

၂၆၉ မီတာ ရှည်ပြီး ၂၈ မီတာ အကျယ်ရှိသည့် အဆိုပါ ပုံစံတူ တိုင်တန်းနစ်သင်္ဘောကြီးတွင် မူလ သင်္ဘော၌ ထည့်သွင်းတည်ဆောက်ထားသည့်အခန်း အပြင်အဆင်များ၊ ဇိမ်ခံပစ္စည်းများ၊ ပထမတန်းစားပရိဘောဂများကို ပါ ထည့်သွင်း ထားမည်ဖြစ်ပြီး လာရောက်လည်ပတ်သူခရီးသည်များအတွက် ပိုမိုအဆင်ပြေစေရန်အတွက် Wi Fi ဝန်ဆောင်မှုကို ပါ စီစဉ်ပေးထားမည်ဟု သိရသည်။

ယခု ပုံစံတူသင်္ဘောတည်ဆောက်ရာတွင် မူလတိုင်တန်းနစ်သင်္ဘော၏ ပုံစံအတိုင်းအနီးစပ်ဆုံး ဆောက်လုပ်နိုင်ရန်အတွက် အမေရိကန် နှင့် ဗြိတိန်တို့မှ ဒီဇိုင်းပညာရှင်များနှင့် နည်းပညာကျွမ်းကျင်သူများ၏ အကူအညီများကို ရယူမည်ဖြစ်ပြီး သင်္ဘောကိုယ်ထည်အစိတ်အပိုင်းများကို ဟူပေပြည်နယ်တွင် ထုတ်လုပ်မည်ဖြစ်သည်။ ၂ဝ၁၄ ခုနှစ်က စတင်ခဲ့သည့် အဆိုပါ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း တွင် ရင်းနှီးမြှုပ်နံှငွေ အမေရိကန်ဒေါ်လာ ၁၄၅ သန်း( တရုတ်ယွမ်ငွေ ၁ ဘီလီယံ) ကို အသုံးပြုသွားမည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.