Connect with us

Videos

တရုတ်ပြည်တွင်း၌တီထွင်သည့် HIV ကုသဆေးဝါး ခွင့်ပြုချက်ရရန်စောင့်ဆိုင်း

နန်ကျင်း၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

ပထမဆုံးဖြစ်လာမည့် အာနိသင်ကြာရှည်ခံ HIV ရောဂါကုသဆေး (ထိုးဆေး) ကို တရုတ်နိုင်ငံပြည်တွင်းတွင် ထုတ်လုပ်နိုင်ခဲ့ပြီး တရုတ်အစားအသောက်နှင့် ဆေးဝါး ထိန်းချုပ်ကွပ်ကဲရေးဋ္ဌာန ၏ ခွင့်ပြုချက်ရယူရန် တင်သွင်းစောင့်ဆိုင်းနေကြောင်းသိရသည်။

Albuvirtide ဟုအမည်ရသည့်အဆိုပါ ဆေးဝါးအားသုတေသနပြုလုပ်ခြင်းကို ၂ဝဝ၃ ခုနှစ်တွင် စတင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများကို ၂ဝ၁၄ ဖေဖော်ဝါရီလတွင် နောက်ဆုံးထားပြုလုပ်နိုင်ခဲ့သည်။

၄၈ ပတ်ကြာလေ့လာစမ်းသပ်မှုအတွင်း ပထမဆုံးအဆင့် ပေါင်းစပ်ဆေးများဖြင့် ကုသရာတွင် အောင်မြင်မှုမရှိသည့် HIV ရောဂါ ကူးစက်ခံ လူနာ ၂ဝ၈ ဦး အား ယခုထိုးဆေးသစ်ဖြင့်ကုသစေခဲ့ရာ ရလဒ်မှာကောင်းမွန်ကြောင်းပြသခဲ့သည်။ Albuvirtide ဆေးကို အသုံးပြုရာတွင် ရက်သတ္တ တစ်ပါတ်လျင် ၁ကြိမ်သာ ဆေးထိုးရန်လိုအပ်သည်။

ကုမ္ပဏီပေါင်းများစွာက အာနိသင်ကြာရှည်ခံသည့် HIV /AIDS ရောဂါ ကုသဆေးများကို အသီးသီး တီထွင်လျက်ရှိနေပြီဖြစ်သော်လည်း ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုယခုထက်တိုင် မရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.