Connect with us

Videos

၂ဝ၁၅ – ၂ဝ၁၆ ဘဏ္ဍာနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏကို USD ၆ ဘီလီယံအထိရရှိရန် မျှော်မှန်း ထား

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏကို အမေရိကန်ဒေါ်လာ ၆ ဘီလီယံအထိရရှိရန် မျှော်မှန်းထားပြီး ယခုအချိန်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ကျော် ရရှိကြောင်း ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုများတွင် ကုန်ထုတ်လုပ်မှု ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု တွင် ယခင်ကထက် တိုးမြင့်လာသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီး မြှုပ်နံှမှု လေးဘီလီယံကျော်သို့ ရောက်ရှိ လာပြီး ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများအနက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် တိုးတက် လာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းထုတ်ပြန်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ အများ ဆုံးဖြစ်ကာ ယခုနောက်ပိုင်းတွင် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာကာ ရင်းနှီးမြှုပ်နှံမှုပမာဏတွင် တတိယအများဆုံး ဖြစ်လာကြောင်း သိရသည်။

ယင်းသို့ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နံှမှုများ တိုးမြင့်လာခြင်းသည် ကုန်ထုတ် လုပ်မှုကို တိုးတက်စေပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ကိုလည်း ဖန်တီးပေးနိုင်သည်ဟု သိရသည်။ အစိုးရသစ်လက်ထက်တွင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့် လာပြီး ယခုနှစ် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ ကြီးအပြီး နိုင်ငံရေး တည်ငြိမ်အေးချမ်းမှု အပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမို စိတ်ဝင်စားလာကာ လာရောက် ရင်းနှီးမြှုပ်နှံ ရန် ပြင်ဆင်လျက်ရှိရာ မူလရည်မှန်းလျာထား ချက် ကို ကျော်လွန်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.