Connect with us

Videos

မူးယစ်ရာဇာ အယ်လ်ချာပို ဂတ်စ်မန်း အား ဇန်နဝါရီလ ၈ ရက် စီးနင်းမှု အတွင်း ပြန်လည် ဖမ်းဆီးရမိ

မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အနောက် မြောက်ပိုင်း ဆီနာလိုအာ ပြည်နယ်ရှိ လော့စ်မိုးချိစ် မြို့တွင် ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်း၌ မက္ကဆီကို ရဲတပ်ဖွဲ့နှင့် မရိန်း တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စီးနင်းမှု တစ်ခု ပြုလုပ်ခဲ့ရာ လွန်ခဲ့သည့် ခြောက်လက ဒုတိယအကြိမ် ထောင်ဖောက် ထွက်ပြေးခဲ့သည့် ဆီနာလိုအာ မူးယစ် ဂိုဏ်းခေါင်းဆောင် အယ်လ်ချာပို ဂတ်စ်မန်း အား ပြန်လည် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

မက္ကဆီကို သမ္မတ Enrique Peña Nieto က ၎င်း၏ တွစ်တာ စာမျက်နှာမှ တဆင့် စီးနင်းမှု အစီအစဉ် အောင်မြင်ခဲ့ပြီး ဂတ်စ်မန်းအား ဖမ်းဆီး နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

အာဏာပိုင် များသည် ဂတ်စ်မန်းအဖြစ် ဖမ်းဆီး ရမိထားသူ အား ဂတ်စ်မန်း ဟုတ်၊ မဟုတ် အတည်ပြုနိုင်ရန် အတွက် မျိုးရိုးဗီဇ နှင့် ဓါတ်ပုံဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်လျက် ရှိကြောင်း မက္ကဆီကို El Universal နေ့စဉ် သတင်းစာ က ဖော်ပြခဲ့ကြောင်း သိရသည်။ စီးနင်းမှု အတွင်း စစ်သား အယောက် ၁၀၀ ဝန်းကျင်နှင့် ရဟတ်ယာဉ် တစ်စီးအား စီးနင်းမှု ဘေးပတ်ဝန်းကျင် ရှိ လမ်း ရှစ်လမ်းတွင် ဖြန့်ကျက် နေရာချထားကြောင်း သိရသည်။

ဂတ်စ်မန်းအား ယခုအကြိမ် ဖမ်းဆီးရမိမှု သည် တတိယအကြိမ်မြောက် ဖြစ်ပြီး ၎င်းကို ၁၉၉၃ ခုနှစ် နှင့် ၂၀၁၄ ခုနှစ် များတွင် ဖမ်းဆီး ရမိခဲ့သော်လည်း ပြန်လည် ထွက်ပြေး လွတ်မြောက် သွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.