Connect with us

Videos

World Intelligent Congressတွင် အသိဉာဏ်တုနည်းပညာဆိုင်ရာ နောက်ဆုံးပေါ်ပစ္စည်းများကိုပြသ

ထျန်းကျင်း၊ မေ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်းထျန်းကျင်းတွင် World Intelligent Congress ကို မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်တိုင်ကျင်းပလျက်ရှိပြီး အဆိုပါပွဲတွင် အသိဉာဏ်တုနည်းပညာဆိုင်ရာ နောက်ဆုံးပေါ်ပစ္စည်းများကိုပြသခဲ့သည်။

“တရုတ်နိုင်ငံက အသိဉာဏ်တုနည်းပညာ AI ကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှုများစွာကိုရှိခဲ့ကြောင်း၊ AI ကဏ္ဍကို ဆက်လက်အောင်မြင်တိုးတက်အောင်လုပ်ဆောင်ခြင်းအားဖြင့် တရုတ်နိုင်ငံအနေဖြင့် တောက်ပလင်းလက်သည့် အနာဂတ်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း” အမျိုးသားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍသစ်များအကောင်အထည်ဖော်ဆောင်ရေးကော်မရှင်မှတာဝန်ရှိသူ Lin Nianxiu ကဆိုသည်။ အဆိုပါပွဲတွင် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဈေးဆိုင်ကြီးများထဲက တစ်ခုဖြစ်သော Alibaba တည်ထောင်သူ ဂျက်မာ လည်းတက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၌ အသိဉာဏ်တုနည်းပညာAI နည်းပညာနှင့်ဆက်စပ် သည့်လုပ်ငန်းကုမ္ပဏီပေါင်း၂ဝဝဝနီးပါးရှိနေပြီဖြစ်ပြီး တရုတ်နိုင်ငံအစိုးရကလည်း AI နည်းပညာများပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အားပေးလုပ်ဆောင်မှုများစွာပြုလုပ်ပေးလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.