Connect with us

Videos

၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် ထုတ်လုပ်သည့် အရည်အသွေးမြင့် ပစ္စည်းများ လာရောက် ခင်းကျင်း ပြသသော ၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား အား မေလ ၁၇ ရက်နေ့ က ရန်ကုန် မြို့ရှိ Myanmar Event Park(MEP) တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အခမ်းအနားတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က ပြပွဲ ကျင်းပ ရသည့် ရည်ရွယ်ချက် မှာ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား စီးပွားရေး အခွင့်အလမ်းများ ပိုမိုတိုးချဲ့ နိုင်စေရန် နှင့် ချစ်ကြည်ရင်းနှီးမှု ၊ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ အပြန်အလှန် တိုးပွားလာစေရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဟုန်လျန် က ယခု ကျင်းပ သည့် ကုန်စည်ပြပွဲ သည်တရုတ်-အာဆီယံ ကုန်စည်ပြပွဲ လက်အောက်ရှိ အရေးပါသော တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖြစ်ကာ နှစ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး နှင့် စီးပွားရေး စြင်္က ံ အတူတကွ တည်ဆောက်ရေးအတွက် အခွင့်အလမ်း များစွာ ဖော်ဆောင်နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံကွမ်ရှီးကျွမ်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ CPPCC ဒုတိယ ဥက္ကဋ္ဌ မစ္စ မော်ချန်ယင်း က ယခုပြပွဲမှာတရုတ် နိုင်ငံ၏လုပ်ငန်း များ မြန်မာ နိုင်ငံ သို့ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် နှင့် မြန်မာ နိုင်ငံ၏လုပ်ငန်းများလည်း တရုတ် နိုင်ငံသို့တင်သွင်းရန် အတွက် ဖော်ဆောင်ပေးနိုင်မည် ဖြစ်သောကြောင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပြပွဲ တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော် များက အခမ်းအနားအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး ခဲ့ကြပြီး ကုန်စည်ပြပွဲ အတွင်းရှိ ပြခန်းများ အား လိုက်လံကြည့်ရှုခဲ့ကြသည်။

၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ အား တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဆိုင်ရာ အတွင်းရေးမှူးချုပ်ရုံး ၊ တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဌာန ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ နှင့် Worldex-SingEx Exhibitions(Guangzhou) Co.,Ltd တို့ အဓိက ဦးစီးကျင်းပ ပေးခဲ့ခြင်း ဖြစ်သည်။ ပြပွဲတွင် တရုတ် နိုင်ငံ က လူသိများ ထင်ရှားသည့် ကုမ္ပဏီကြီး ၂၀ ကျော် အပါအဝင် ကုမ္ပဏီပေါင်း ၁၀၃ ခု တို့ က ပြခန်းပေါင်း ၂၀၀ တို့ဖြင့် ၎င်းတို့၏ အရည်အသွေးမြင့် ထုတ်ကုန် နှင့် ဝန်ဆောင်မှုများကို ပြသသွားမည် ဖြစ်ပြီး ပြပွဲ အား မေလ ၁၇ ရက်နေ့ မှ ၁၉ ရက်နေ့ အထိ ရန်ကုန်မြို့ရှိ Myanmar Event Park(MEP) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.