Videos
တရုတ်နိုင်ငံမှ Zhongxing-2D ဂြိုဟ်တု လွှတ်တင်
ရှီးချန်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်အတွင်းရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ Zhongxing-2D ဂြိုဟ်တုအား Long March-3B ဒုံးပျံဖြင့် သယ်ဆောင်၍ ဇန်နဝါရီ ၁၁ ရက် နံနက် ၁နာရီ ၁၁ မိနစ်တွင် အာကာသထဲသို့ လွှတ်တင်လိုက်ကြောင်း သိရသည်။အဆိုပါ ဂြိုဟ်တုသည် ကြိုတင်စီစဉ်ထားသည့် ကမ္ဘာပတ်လမ်းအတွင်းသို့ ဝင်ရောက်နေပြီဖြစ်သည်။ တရုတ်နိုင်ငံထုတ် ဆက်သွယ်ရေးနှင့် အသံလွှင့်ဂြိုဟ်တုသည် နိုင်ငံ၏ ရေဒီယို၊ ရုပ်မြင်သံကြားစခန်းများ နှင့် ကေဘယ် ရုပ်သံကွန်ရက်များအတွက် ရေဒီယိုနှင့် ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်သည်။Zhongxing-2D ဂြိုဟ်တုနှင့် Long March-3B သယ်ဒုံးပျံကို တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းက တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။အဆိုပါ Long March ဒုံးပျံလွှတ်တင်မှုသည် ၂၉၈ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။(Xinhua)