Connect with us

Videos

အမေရိကန်ဒေါ်လာ ၉၉ ဒေါ်လာ သာ ကျသင့်မည့် နောက်ဆုံးပေါ် စမတ်ဖုန်းအား ZTE က မိတ်ဆက် ပြသ

နယူးယောက်၊ ဇူလိုင် ၂ဝ ရက် (ဆင်ဟွာ)
တရုတ် တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သည့် ZTE သည် ၎င်း၏ နောက်ဆုံးပေါ် စမတ်ဖုန်း ZMAX PRO အား ဇူလိုင် ၁၈ ရက်က နယူးယောက်မြို့တွင် မိတ်ဆက်ပြသခဲ့သည်။
ZMAX အမျိုးအစား ဖုန်း များအနက် နောက်ဆုံး ဖြစ်သည့် ZMAX PRO သည် မျက်နှာပြင်အားဖြင့် ၆လက်မရှိပြီး 13 megapixel ကင်မရာ၊ လက်ဗွေစနစ်၊ 3400mAh ဘက်ထရီတို့ဖြင့် ဖုန်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ထားကာ ဈေးနှုန်းအနေဖြင့်လည်း အမေရိကန်ဒေါ်လာ ၉၉ ဒေါ်လာ သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ဖုန်းတွင် ပါဝင်သည့် စွမ်းဆောင်ချက်များသည် ၎င်းအတွက် ပေးရသည့် ဈေးနှုန်းထက်ပိုမို ကောင်းမွန်စေခဲ့ပြီး ကုမ္ပဏီ၏ ရေရှည် ရည်မှန်းချက် ဖြစ်သည့် ငွေကြေးတတ်နိုင်မှု နှင့် နည်းပညာ တို့ ပေါင်းစပ် ထားခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ စမတ်ဖုန်းအား MetroPCS အွန်လိုင်းငွေချေမှု ဖြင့် ဇူလိုင်လ ၁၈ ရက်မှ စ၍ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.