China
တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ရန်အတွက် တရုတ်နိုင်ငံရေတပ်အဖွဲ့ စတင်ထွက်ခွာ

ကွမ်ကျိုး၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရေတပ် သင်္ဘော နှစ်စီးဖြင့် ဖွဲ့စည်းထားသည့် တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ပို့ဆောင်ရေးအဖွဲ့သည် ကွမ်ကျိုးဆိပ်ကမ်းမှ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်း ၈ နာရီခန့်က စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် တရုတ်နိုင်ငံ တောင်ပိုင်းဒေသ စစ်ဌာနချုပ် ရေတပ်မှ ကုန်းရေနှစ်သွယ် ကမ်းတက်သင်္ဘော Wuzhishanနှင့် အထွေထွေ ထောက်ပို့ရေးသင်္ဘော Chaganhuဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရွှေ့လျားနေအိမ်ဘုတ်ပြားများ၊ ထွန်စက်၊ မီးစက်၊ ရေစုပ်စက်၊ ရေသန့်စက်နှင့် အရေးပေါ်စားသောက်ကုန်၊ ဆေးဘက်ဆိုင်ရာ ရောဂါကာကွယ်ပစ္စည်းများအပါအဝင် ကပ်ဘေးကယ်ဆယ်ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၁,၄၀၀ ကျော် တင်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များ ထောက်ပို့ရေးကုန်ပစ္စည်းများ တင်ဆောင်နေသည်ကို ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များ ထောက်ပို့ရေးကုန်ပစ္စည်းများ တင်ဆောင်နေသည်ကို ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရေးအဖွဲ့ တပ်ဖွဲ့ဝင်များ ထောက်ပို့ရေးကုန်ပစ္စည်းများ တင်ဆောင်နေသည်ကို ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တွန်ဂါနိုင်ငံသို့ ပို့ဆောင်မည့် ကပ်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများအား တပ်ဖွဲ့ဝင်များက ပိုးသတ်ပေးနေသည်ကို ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တွန်ဂါနိုင်ငံသို့ ပို့ဆောင်မည့် ကပ်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများအား ခိုင်ခံ့အောင်ဆောင်ရွက်နေသည်ကို ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တွန်ဂါနိုင်ငံသို့ ပို့ဆောင်မည့် ကပ်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများအား ကရိန်းဖြင့် သင်္ဘောပေါ်သို့ တင်နေသည်ကို ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
သင်္ဘောတင်ဆောင်မည့် ပစ္စည်းပမာဏအမျိုးအစားများပြားခြင်းကြောင့် ပို့ဆောင်ရေးအဖွဲ့သည် နေ့ညမအား သိပ္ပံနည်း ပစ္စည်းခွဲဝေမှုများကို လုပ်ဆောင်ခဲ့ရာ အထောက်အပံ့ပစ္စည်းအားလုံးနှင့်သက်မှတ်လုပ်ငန်းတာဝန်များကို လျင်မြန်ထိရောက်စွာ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည်။
ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် ကုန်စည်ပစ္စည်းအားလုံး သင်္ဘောမတင်မီ ပိုးသတ်ခြင်းနှင့်ဓါတ်ခွဲနမူနာယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ Wuzhishanတွင် ကျွမ်းကျင်ဆေးအဖွဲ့နှင့်ပစ္စည်းကိရိယာများ ပါရှိရာ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးစွမ်းရည်ရှိကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် နောက်ပိုင်းတွင် တွန်ဂါနိုင်ငံ၏တောင်းဆိုချက်ရ တတ်နိုင်သမျှအစွမ်းကုန်ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေး ကွပ်ကဲမှုအဖွဲ့ အဖွဲ့ခေါင်းဆောင် စိုက်လျိုချိန်က ယခုလုပ်ငန်းတာဝန်သည့် ပြင်ဆင်ချိန်နည်းခြင်း၊ သယ်ဆောင်ရမည့် ထောက်ပံ့ရေးပစ္စည်းများပြားခြင်း၊ မောင်းနှင်သွားလာရမည့် ခရီးဝေးလံခြင်း၊ ကပ်ရောဂါထိန်းချုပ်ရေးတောင်းဆိုချက်မြင့်မားခြင်းများ ရှိရာ အဖွဲ့အနေဖြင့် အမျိုးမျိုးသော ရှုပ်ထွေးနိုင်မှုအခြေအနေမျာကို အပြည့်အဝကြိုတင်စဉ်းစားကာ စေ့စပ်သေချာစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကပ်ဘေး ကူညီကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများကို တွန်ဂွန်သို့ လုံခြုံဘေးကင်းလျင်မြန်စွာ ပို့ဆောင်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)
………………………………………
(Chinese Version)
(军事)中国海军启运援助汤加救灾物资
2022-01-31 11:09:42
新华社广州1月31日电(周演成、薛成清)31日上午8时许,由中国海军两艘舰艇组成的赴汤加执行运送救灾物资任务海上运输编队从广州某港口出发,启运中国援助汤加救灾物资。
编队由南部战区海军两栖船坞登陆舰五指山舰和综合补给舰查干湖舰组成,装载救灾物资共计1400余吨,主要包括移动板房、拖拉机、发电机、水泵、净水器及应急食品、医疗防疫器材等物资。
面对装载物资数量大、种类多、分布散等情况,编队科学统筹、严密组织,任务官兵昼夜不停、分组作业,快速高效完成了所有物资装载和固定工作。为做好疫情防控工作,所有物资在装载上舰前,已完成多次消杀处理和抽样检疫。编队指挥舰五指山舰还配备了专业医疗卫生人员和装备,具备疫情防控和医疗救治能力。编队也将根据汤方后续请求,提供力所能及的帮助。
编队指挥组组长赛留成表示,此次任务具有准备时间紧、装载物资多、航行距离远、疫情防控要求高等特点,编队充分预想预判各种复杂情况,精心组织任务行动,确保救灾物资安全迅速送达汤加。(完)
图说1:1月31日,赴汤加执行运送救灾物资任务海上运输编队起航,五指山舰驶离码头。新华社发(周演成 摄)
图说2:赴汤加执行运送救灾物资任务海上运输编队官兵在装载救灾物资(无人机照片,1月28日摄)。新华社发(殷征 摄)
图说3:赴汤加执行运送救灾物资任务海上运输编队官兵在装载救灾物资(1月29日摄)。新华社发(薛成清 摄)
图说4:赴汤加执行运送救灾物资任务海上运输编队官兵在装载大件救灾物资(1月30日摄)。新华社发(薛成清 摄)
图说5:赴汤加执行运送救灾物资任务海上运输编队人员对救灾物资进行防疫消杀(1月28日摄)。 新华社发(王磊 摄)
图说6:赴汤加执行运送救灾物资任务海上运输编队官兵对救灾物资进行加固(1月30日摄)。 新华社发(薛成清 摄)
图说7:赴汤加执行运送救灾物资任务海上运输编队官兵在吊装大件救灾物资(1月30日摄)。