Connect with us

Africa & Middle East

အီရန်သမ္မတက နောက်ဆုံးအကြိမ် အီရန်နျူကလီးယား ဆွေးနွေးမှုတွင် ကြီးမားသည့် တိုးတက်မှုရရှိကြောင်း ပြောကြား

အီရန်နိုင်ငံ သမ္မတ Hassan Rouhani မိန့်ခွန်းပြောကြားနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ မေ ၂၀ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ သမ္မတ Hassan Rouhani က သြစတြီးယား နိုင်ငံမြို့တော် ဗီယင်နာ တွင် ကျင်းပပြုလုပ်နေသည့် အီရန် နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုစာချုပ်ဆိုင်ရာ အစည်းအဝေးတွင် ကြီးမားသည့် တိုးတက်မှုရရှိခဲ့ကြောင်း မေလ ၁၉ ရက်၌ ပြောကြားခဲ့သည်။

အီရန်နိုင်ငံ သမ္မတ က အစိုးရအဖွဲ့ အစည်းအဝေးတက်ရောက်စဉ် အီရန်နိုင်ငံအနေဖြင့် လွန်ခဲ့သည့် ရက်များ၌ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ကြီးမားသည့် တိုးတက်မှုကို ရရှိခဲ့ကြောင်း ၊ အီရန်နိုင်ငံ၏ ဆွေးနွေးပွဲတွင် လိုလားအပ်သည့် ရည်မှန်းချက်မှာ ရန်သူအား မိမိအမှားကို သိရှိသွားစေရန် ဖြစ်ကြောင်း ၊ အီရန်နိုင်ငံ၏ စိတ်ရှည်မှု နှင့် ခုခံမှုတို့ကြောင့် အမေရိကန်နိုင်ငံက မိမိအမှားကို ဝန်ခံသွားစေခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အီရန်နိုင်ငံ သမ္မတ Hassan Rouhani က နိုင်ငံအတွင်းရှိ အချို့သော နိုင်ငံရေး အင်အားစုများ အနေဖြင့် လက်ရှိကျင်းပပြုလုပ်နေသည့် အီရန်နျူကလီးယားသဘောတူညီမှုစာချုပ်ဆိုင်ရာ ဆွေးနွေးမှုအပေါ် ကန့်ကွက်နေခြင်းကို ဝေဖန်လိုက်ပြီး ဗီယင်နာတွင် ပြုလုပ်နေသော ဆွေးနွေးမှုတွင် အီရန်နိုင်ငံအနေဖြင့် အောင်မြင်မှုဖြင့်သာ အဆုံးသတ်မည်ဟု ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်နိုင်ငံက အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံတို့ဖြင့် အီရန်နျူကလီးယားအရေးသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ သဘောတူညီမှုအရ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်များကို ကန့်သတ်ရန် သဘောတူခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း အီရန်နိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုအား ပယ်ဖျက်ရန် သဘောတူခဲ့သည်။ ၂၀၁၈ ခုနှစ် မေလ တွင် အမေရိကန်နိုင်ငံ အစိုးရသည် အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလ မှစတင်၍ အီရန်နိုင်ငံ က အီရန်နျူကလီးယားအရေးသဘောတူညီချက်တွင် ပါရှိသော အချက်အလက်အချို့ကို လိုက်နာရန် ရပ်ဆိုင်းခဲ့ပြီး ဆောင်ရွက်မှုများ ပြန်လည်ပြောင်းလဲနိုင်ကြောင်း ကတိပြုခဲ့သည်။ ယခုနှစ် ဧပြီ လဆန်းပိုင်း အချိန်မှစတင်၍ အီရန်နျူကလီးယားအရေးသဘောတူညီချက်တွင် ပါဝင်သော သက်ဆိုင်ရာအသီးသီး ကိုယ်စားလှယ်များက ဗီယင်နာတွင် အမေရိကန် နှင့် အီရန် နိုင်ငံတို့၏ သဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(Chinese Version)
(国际)伊朗总统表示伊核谈判新一轮会谈取得重大进展
2021-05-20 04:37:32 分类: 政治法律
新华社德黑兰5月19日电(记者王守宝 高文成)伊朗总统鲁哈尼19日表示,正在奥地利首都维也纳举行的伊朗核问题全面协议相关方会谈取得重大进展。
鲁哈尼当天在内阁会议上说,伊朗在过去几天的会谈中取得重大进展。伊朗在谈判中的一个目标是使“敌人”承认其错误。由于伊朗的耐心和抵抗,伊朗已使美国承认其“错误”。
鲁哈尼还批评伊朗国内一些政治团体反对伊核协议相关方正在进行的会谈。他表示,无论国内反对派如何抵制,在维也纳举行的会谈都将“以伊朗民族的胜利而结束”。
2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊核协议。根据协议,伊朗承诺限制其核计划,以换取国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取的措施“可逆”。为讨论美伊两国恢复履约问题,伊核协议相关方今年4月初开始在维也纳举行会谈。(完)

Photo
5月20日,在伊朗首都德黑兰,鲁哈尼发表胜选讲话。新华社发(艾哈迈德•哈拉比萨斯摄)