Connect with us

INTERNATIONAL ORGANIZATION

အိုမီခရွန် ဆင့်ကဲ သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ် BA.2 ကူးစက်ပြန့်ပွားမှု ပိုမို လွယ်ကူဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပြောကြား

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည့် ဘတ်စ်ကားအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)

အစောပိုင်းကာလ သုတေသနပြုချက်များတွင် အိုမီခရွန် ဆင့်ကဲ သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ် BA.2၏ ကူးစက်ပြန့်ပွားမှု ပို၍ လွယ်ကူသည်ကို တွေ့ရှိခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဖေဖော်ဝါရီ ၁၅ ရက် ကိုဗစ်-၁၉ အပတ်စဉ် ကူးစက်ရောဂါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ဒိန်းမတ်၏ကပ်ရောဂါအခြေအနေ အချက်အလက်များကို တွက်ချက်မှုများအရ ယင်းဆင့်ကဲ့ပြောင်းလဲသည့် ဗိုင်းရပ်စ်သည် မူလ သန္ဓေပြောင်း အိုမီခရွန် BA.1ထက် ကူးစက်မှု ၃၀ ရာခိုင်နှုန်း ပိုတိုးလာသည်ကို တွေ့ရှိရသော်လည်း ရောဂါပြင်းထန်နိုင်မှုအတိုင်းအတာက မူလအိုမီခရွန်နှင့် ခြားနားမှုမရှိကြောင်း သိရသည်။

လက်ရှိတွင် အိုမီခရွန်သည် ဒယ်လ်တာကို အစားထိုးပြီး တစ်ကမ္ဘာလုံးအတိုင်းအတာ အဓိကကူးစက်ပြန့်ပွားလျက်ရှိရာ ဒေသအသီးသီး၏ ယခုကာလများ၌ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇအစီအစဉ် အစီရင်ခံချက်များအရ ၉၈.၃ ရာခိုင်နှုန်းမှာ အိုမီခရွန်ဖြစ်သည်။ ဆင့်ကဲ့သန္ဓေပြောင်း ဗိုင်းရပ်စ် BA.2၏ နေရာယူမှု ရာခိုင်နှုန်းအချိုးအစားကလည်း ဆက်လက် မြင့်တက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၄ ရက်အထိတွင် နိုင်ငံနှင့်ဒေသ ၁၀ ခု၌ အဓိက ကူးစက်သည့် ဗိုင်းရပ်စ်အမျိုးအစား ဖြစ်လာကြောင်း သိရသည်။ (Xinhua)

—————————————————–
(Chinese Version)

世卫组织:奥密克戎亚变体毒株BA.2更易传播
2022-02-16 08:57:34 来源:央视新闻客户端

当地时间2月15日,世卫组织在新冠肺炎每周流行病学报告中指出,早期研究数据表明,奥密克戎亚变体BA.2毒株更易传播。根据丹麦的疫情数据进行测算,该亚变体比奥密克戎原始毒株BA.1的传染性增加了30%,但其导致的疾病严重程度与奥密克戎原始毒株相比并无差别。

目前,奥密克戎毒株已取代德尔塔毒株成为全球范围内的主要流行毒株,各地近期上报的新冠病毒基因序列中,98.3%为奥密克戎毒株。亚变体BA.2毒株的所占比例也逐渐上升,截至2月14日,该亚变体毒株已在10个国家和地区成为主要流行毒株。(记者 朱赫)
编辑:王丹
浏览量:61.9万
图说1:11月30日,一名女子经过比利时布鲁塞尔的一辆新冠疫苗接种巴士。新华社记者 郑焕松 摄